JFT-Basic ဆိုသည်မှာ
၁။စာမေးပွဲကျင်းပရခြင်းရည်ရွယ်ချက်
ဂျပန်ဖောင်ဒေးရှင်းဂျပန်ဘာသာအခြေခံစာမေးပွဲ (Japan Foundation Test for Basic Japanese၊ အတိုကောက်အခေါ်- JFT-Basic) သည်အဓိကအားဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်မည့် နိုင်ငံခြားသားများအနေဖြင့် နေ့စဉ်နေထိုင်မှုဘဝတွင် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာ၍ “အတိုင်းအတာတစ်ခုအထိ နေ့စဉ်သုံးစကားပြောများ တတ်မြောက်ပြီး နေထိုင်မှုဘဝတွင် အခက်အခဲမရှိသည့် ဂျပန်ဘာသာစွမ်းရည်” ရှိမရှိကို အဆုံးအဖြတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်သည်။ ဤစာမေးပွဲသည် ဥရောပဘာသာစကားဆိုင်ရာ ဘုံရည်ညွှန်းချက်မူဘောင် (CEFR:Common European Framework of Reference for Languages: Learning, teaching, assessment)၊ တစ်နည်းအားဖြင့်၊ CEFR အတိုင်း ဂျပန်ဖောင်ဒေးရှင်းမှ“အပြန်အလှန် နားလည်ရန်အတွက် ဂျပန်ဘာသာစကား” အတွေးအခေါ်ကို အခြေခံသည့် ဂျပန်ဘာသာသင်ကြားရေးမူဘောင်အဖြစ် သတ်မှတ်ခဲ့သည့် “ JF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်း ” (JF-Standard) အပေါ်အခြေခံ၍ “ဂျပန်ဘာသာကိုအသုံးပြုပြီး မည်သည့်အရာကို မည်မျှလုပ်နိုင်သနည်း” ဆိုသည်ကို တိုင်းတာမည်ဖြစ်ပါသည်။
JFT-Basic ကို ၂၀၁၉ ခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်ခဲ့သည့် နေထိုင်ခွင့်ဗီဇာ (ကျွမ်းကျင်လုပ်သား အမှတ် ၁) ရရှိနိုင်ရန်အတွက် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာသည့် စာမေးပွဲအဖြစ်လည်း အသုံးပြုသည်။ ကျွမ်းကျင်လုပ်သားစနစ်နှင့်ပတ်သက်သော အချက်အလက်များကို အောက်တွင် လေ့လာနိုင်ပါသည်။
၂။စာမေးပွဲသတ်မှတ်ချက်
ဂျပန်ဘာသာသည် မိခင်ဘာသာစကားမဟုတ်သော နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ ဤစာမေးပွဲကို ကျင်းပခြင်းဖြစ်သည်။ အဓိကအားဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် နိုင်ငံခြားသားများအတွက် ရည်ရွယ်ပါသည်။
၃။စစ်ဆေးမည့်ပုံစံ
ဤစာမေးပွဲအား ကွန်ပျူတာစနစ်ကို အခြေခံသည့်ပုံစံ (CBT: Computer Based Testing ) ဖြင့် ကျင်းပမည်ဖြစ်သည်။ နိုင်ငံအသီးသီးရှိ စာစစ်ဌာနများတွင် ကွန်ပျူတာကို အသုံးပြု၍ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေဆိုခြင်းများ ပြုလုပ်ပါမည်။ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည့် မေးခွန်းနှင့် နားကြပ်မှတစ်ဆင့် ကြားရသည့်အသံများကို နားထောင်၍ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာတစ်ဆင့် ဖြေဆိုရမည်ဖြစ်သည်။

ကွန်ပျူတာမျက်နှာပြင်အလယ်ဗဟိုဧရိယာတွင် မေးခွန်းနှင့် ရွေးချယ်ရမည့်အဖြေများကို ဖော်ပြထားပါသည်။ ထို့ပြင် ကွန်ပျူတာမျက်နှာပြင်တစ်ဝိုက်တွင် မေးခွန်းကဏ္ဍအမည်၊ စာမေးပွဲအမည်၊ ကျန်ရှိသောအချိန်နှင့် ဖြေဆိုမှုအခြေအနေ စသည်တို့ကို ဖော်ပြထားသည်။


ဤစာမေးပွဲတွင် မေးခွန်းအား အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည်။ Your Language ခလုတ်ကို နှိပ်လိုက်ပါက မိမိနိုင်ငံ၏ဘာသာစကား*ဖြင့် မေးခွန်းကို ဖတ်ရှုနိုင်မည်ဖြစ်သည်။**
မေးခွန်းအဓိပ္ပာယ်၊ အခြေအနေများကို သဘောပေါက်နားလည်အောင် သေချာစွာဖတ်၍ ဖြေဆိုပါ။ နားထောင်သဘောပေါက်ခြင်းကဏ္ဍတွင် Play ခလုတ်ကိုနှိပ်ပါက အသံထွက်ပေါ်လာမည်ဖြစ်ပြီး ၂ ကြိမ်အထိ နားထောင်နိုင်မည်ဖြစ်သည်။ ဖြေဆိုလိုသည့်အဖြေကို click နှိပ်၍ ရွေးချယ်ပါ။ ရွေးချယ်ထားသည့် အဖြေသည် အရောင်ပြောင်းသွားမည်။
*မိမိနိုင်ငံ၏ဘာသာစကားဆိုသည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Your Language 1 : အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ အင်ဒိုနီးရှားဘာသာ၊ ခမာဘာသာ၊ မွန်ဂိုဘာသာ၊ မြန်မာဘာသာ၊ နီပေါဘာသာ၊ ထိုင်းဘာသာ၊ ဗီယက်နမ်ဘာသာ
Your Language 2 : ဥဇဘက်ဘာသာ ဘင်္ဂါလီဘာသာ၊ လာအိုဘာသာ၊ မလေးဘာသာ
** ကွန်ပြူတာမျက်နှာပြင်၏ အရွယ်အစားပေါ်မူတည်၍ မေးခွန်းမျက်နှာပြင်နှင့်၊ ပုစ္ဆာ၏ ဒေသိယဘာသာစကား pop-up တို့ကို ဘေးချင်းယှဉ်လျက် ပြသထားခြင်းရှိမည်။
- သက်ဆိုင်ရာအချက်အလက်များ
- စာမေးပွဲကွန်ပျူတာမျက်နှာပြင်အား အသုံးပြုပုံနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက အောက်တွင် လေ့လာနိုင်ပါသည်။
ဂျပန်ဖောင်ဒေးရှင်းဂျပန်ဘာသာအခြေခံစာမေးပွဲ (JFT-Basic) အသုံးပြုနည်း (YouTube)
၄။စာမေးပွဲဖွဲ့စည်းပုံ
ဤစာမေးပွဲတွင် စကားလုံးများနှင့်ဝေါဟာရများ၊ စကားပြောနှင့် ဖော်ပြချက်များ၊ နားထောင်သဘောပေါက်ခြင်း၊ ဖတ်ရှုသဘောပေါက်ခြင်းစသည့် အပိုင်း(၄)ပိုင်း ပါဝင်ပါမည်။ ဤစာမေးပွဲ ဖွဲ့စည်းပုံနှင့် မေးခွန်းအသီးသီး၏ ရည်ရွယ်ချက်မှာ ဇယား(၁)အတိုင်းဖြစ်သည်။
ဇယား(၁) စာမေးပွဲဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်
မေးခွန်း ကဏ္ဍ | မေးခွန်းကဏ္ဍများ၏ရည်ရွယ်ချက် | မေးခွန်းခေါင်းစဉ် | မေးခွန်းပုံစံ |
---|---|---|---|
စကားလုံးများ နှင့် ဝေါဟာရများ (မမေးခွန်း ၁၂ ခုခန့်) | နေ့စဉ်လူနေမှုဘဝတွင် အသုံးပြုရမည့် ဂျပန်ဘာသာ စကားလုံးများကို ဖတ်နိုင်ခြင်းရှိမရှိ၊ အခြေခံဝေါဟာရများကို သိရှိထားပြီး အသုံးချနိုင်ခြင်း ရှိမရှိကို စစ်ဆေးပါမည်။ | စကားလုံးများ၏ အဓိပ္ပာယ် | စကားလုံးများ၏ အဓိပ္ပာယ်ကို မေးမြန်းခြင်း။ |
စကားလုံး အသုံးများ | စကားလုံးအသုံးများကို မေးမြန်းခြင်း။ | ||
ခန်းဂျိအသံထွက် | ခန်းဂျိဖြင့်ရေးသားထားသော စကားလုံး၏အသံထွက်ကို ဟိရဂနဖြင့် မေးမြန်းခြင်း။ | ||
ခန်းဂျိ၏ အဓိပ္ပာယ်နှင့် အသုံးများ | ခန်းဂျိဖြင့်ရေးသားထားသော စကားလုံး၏အဓိပ္ပာယ်နှင့် အသုံးများကို မေးမြန်းခြင်း။ | ||
စကားပြောနှင့် ဖော်ပြချက်များ (မေးခွန်း ၁၂ ခုခန့်) | နေ့စဉ်လူနေမှုဘဝ၏ စကားပြောများတွင် လိုအပ်သည့် သဒ္ဒါနှင့် ဖော်ပြချက်များ အသုံးပြုနိုင်ခြင်းရှိမရှိ စစ်ဆေးပါမည်။ | သဒ္ဒါ | စကားပြောများ၏ စကားဆက်များနှင့် ကိုက်ညီသည့် သင့်တော်သောသဒ္ဒါကို အသုံးပြုနိုင်ခြင်းရှိမရှိ မေးမြန်းခြင်း။ |
ဖော်ပြချက် | စကားပြောများ၏ စကားဆက် များနှင့် ကိုက်ညီသည့် သင့်တော်သောဖော်ပြချက်ကို အသုံးပြုနိုင်ခြင်းရှိမရှိ မေးမြန်းခြင်း။ | ||
နားထောင် သဘောပေါက်ခြင်း (မေးခွန်း ၁၂ ခုခန့်) | နေ့စဉ်လူနေမှုဘဝတွင် စကားပြောနှင့် ညွှန်ကြားချက်များကို နားထောင်ပြီး နားလည်သဘောပေါက်ခြင်း ရှိမရှိကို စစ်ဆေးပါမည်။ | အကြောင်းအရာကို နားလည်ခြင်း (လူမှုဆက်ဆံရေး ပြောစကားများ) | သတင်းအချက်အလက်များနှင့် လူမှုဆက်ဆံရေးပြောစကားများကို နားထောင်ပြီး အကြောင်းအရာကို နားလည်ခြင်းရှိမရှိ မေးမြန်းခြင်း။ |
အကြောင်းအရာကို နားလည်ခြင်း (ဆိုင်နှင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင်ပြောသော စကားများ) | ဆိုင်နှင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင်ပြောသော စကားများကို နားထောင်ပြီး အကြောင်းအရာကို နားလည်ခြင်းရှိမရှိ မေးမြန်းခြင်း။ | ||
အကြောင်းအရာကို နားလည်ခြင်း (ညွှန်ကြားချက် အသိပေး ကြေညာချက်များ) | ညွှန်ကြားချက်နှင့် အသိပေး ကြေညာချက်၊ အသံလွှင့်ခြင်း စသည်တို့ကို နားထောင်ပြီး အကြောင်းအရာကို နားလည်ခြင်းရှိမရှိ မေးမြန်းခြင်း။ | ||
ဖတ်ရှု သဘောပေါက်ခြင်း (မမေးခွန်း ၁၂ ခုခန့်) | နေ့စဉ်လူနေမှုဘဝတွင် အသုံးပြုနေသည့် ပေးစာနှင့် ကြော်ငြာစာ၊ ရှင်းလင်းချက် စသည်တို့ကို ဖတ်ပြီး နားလည်သဘောပေါက်ခြင်း ရှိမရှိ စစ်ဆေးပါမည်။ | အကြောင်းအရာကို နားလည်ခြင်း | ပေးစာ၊ ပို့စာစသည့် တိုတောင်း၍ လွယ်ကူသည့် စာကြောင်းများကို ဖတ်ပြီး အကြောင်းအရာကို နားလည်ခြင်းရှိမရှိ မေးမြန်းခြင်း။ |
သတင်းအချက်အလက် ရှာဖွေခြင်း | နေ့စဉ်မြင်တွေ့နေကျဖြစ်သော ဆိုင်းဘုတ်၊ ကြော်ငြာစာ၊ စာရွက်စာတမ်း အစရှိသည်တို့မှ လိုအပ်သော သတင်းအချက်အလက်များကို ရှာဖွေဖော်ထုတ်နိုင်ခြင်းရှိမရှိ မေးမြန်းခြင်း။ |
မေးခွန်း ၅၀ ခုခန့် မေးထားမည်ဖြစ်ပြီး ဖြေဆိုချိန်မှာ မိနစ် ၆၀ ဖြစ်ပါသည်။ မေးခွန်းကဏ္ဍအလိုက် ဖြေဆိုမှုကြာချိန်ကို ကန့်သတ်ထားခြင်းမရှိပါ။ မေးခွန်းကဏ္ဍတစ်ခုတည်းအတွင်းတွင်ဖြစ်ပါက အချိန်မရွေး ပြင်ဆင်ခြင်း၊ ထပ်မံဖြေဆိုခြင်း ပြုနိုင်ပါသည်။ သို့သော် နောက်ထပ်မေးခွန်းကဏ္ဍတစ်ခုသို့ ပြောင်းလိုက်ပြီးပါက ရှေ့တွင်ဖြေဆိုခဲ့သော မေးခွန်းကဏ္ဍသို့ပြန်သွားပြီး ဖြေဆိုခြင်းမျိုး မပြုနိုင်တော့ပါ။ ထို့အပြင် နားထောင်သဘောပေါက်ခြင်းကဏ္ဍတွင် မေးခွန်းများကို ရှေ့နောက်ပြောင်းပြီး ပြင်ဆင်ခြင်း၊ ထပ်မံဖြေဆိုခြင်းများ မပြုလုပ်နိုင်ပါ။
၅။စာမေးပွဲအဆင့်သတ်မှတ်ချက်
A2 အဆင့်အတိုင်းအတာအထိဂျပန်ဘာသာစွမ်းရည်ရှိမရှိကိုစစ်ဆေးပါမည်
စုစုပေါင်းရမှတ်သည်စစ်ဆေးမှုစံအမှတ်(အမှတ်ပြည့် ၂၅၀ အနက် အမှတ်၂၀၀ )အထက် ရလျှင်၊「အတိုင်းအတာတစ်ခုအထိနေ့စဥ်သုံးစကားများတတ်မြောက်ပြီး၊နေထိုင်မှုဘဝ တွင်အခက်အခဲမရှိသည့်ဂျပန်ဘာသာစွမ်းရည် 」 ( A2 အဆင့် ) ရှိသည်ဟုသတ်မှတ် ပါမည်။ ဤစားမေးပွဲတွင် အဆင့်များခွဲခြားထားခြင်းမရှိပါ။
ဤစာမေးပွဲတွင်၊ CEFR, JF Standard ပါ A1-A2 အဆင့်၏ Can-do အပေါ်အခြေခံ သည့်မေးခွန်းများဖြစ်ပြီး၊ 「စာလုံးများနှင့်ဝေါဟာရများ」「စကားပြောနှင့်ဖော်ပြ ချက်များ」「နားထောင်သဘောပေါက်ခြင်း」「ဖတ်ရှုသဘောပေါက်ခြင်း」စသည့်အ ပိုင်း ၄ ပိုင်းမှ ကျယ်ပြန့်စွာဖြင့်ဂျပန်နိုင်ငံတွင်းနေထိုင်မှုဘဝတွင် လိုအပ်သော ဂျပန်ဘာသာ ဖြင့်ဆက်သွယ်ပြောကြားနိုင်မှုစွမ်းရည်ကိုတိုင်းတာပါမည်။ A2 အဆင့်စံနမူနာသည်၊ ဇယား ၂ ၏အလယ်တွင်ရှိပါသည်။
အဆင့် | အဆင့်သတ်မှတ်ချက် |
---|---|
B1 |
|
A2 |
|
A1 |
|
CEFR၏ဘုံမူဘောင်ကိုးကားချက်အဆင့် : ယေဘုယျတိုင်းတာမှုအဆင့်
၆။စာမေးပွဲရလဒ်အားအကြောင်းကြားခြင်း
စာမေးပွဲရလဒ်ကို ဖြေဆိုသူထံသို့ အောက်ပါအတိုင်း အကြောင်းကြားပါမည်။
- စာမေးပွဲဖြေဆိုသည့်နေ့
- စာမေးပွဲပြီးဆုံးပါက ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် စုစုပေါင်းရမှတ်နှင့် စာမေးပွဲရလဒ်ကို ဖော်ပြပါမည်။
- စာမေးပွဲပြီးနောက် ရုံးဖွင့်ရက် ၅ ရက်အတွင်း
- ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် Log in ဝင်လိုက်ပါက တရားဝင်စာမေးပွဲရလဒ် အကြောင်းကြားစာပေါ်လာမည်ဖြစ်ပြီး ထိုအကြောင်းကြားစာကိုပရင့်ထုတ်ယူနိုင်ပါသည်။
စာမေးပွဲရလဒ်အကြောင်းကြားစာတွင် စုစုပေါင်းရမှတ်နှင့် ၎င်းရမှတ်ပေါ်တွင်အခြေခံဆုံးဖြတ်ထားသည့် စာမေးပွဲရလဒ် ပါရှိပါမည်။ စုစုပေါင်းရမှတ်သည် အဖြေမှန်အရေအတွက်အတိုင်း ရေတွက်ခြင်းမဟုတ်ဘဲ ပျမ်းမျှခြင်းဟုခေါ်သည့် စာရင်းအင်းတွက်ချက်မှုများဖြင့် တွက်ချက်ထားသည့် အတိုင်းအတာအမှတ်များဖြင့် ဖော်ပြပါမည်။ စုစုပေါင်းပေးမှတ်သည် ၁၀ မှတ် မှ ၂၅၀ မှတ် အထိ ဖြစ်သည်။ စုစုပေါင်းရမှတ်သည် ရလဒ်စံနှုန်းအမှတ် (အမှတ် ၂၀၀) အထက်ရရှိပါက “အတိုင်းအတာတစ်ခုအထိ နေ့စဉ်သုံးစကားပြောများ တတ်မြောက်ပြီး နေထိုင်မှုဘဝတွင် အခက်အခဲမရှိသည့် ဂျပန်ဘာသာစွမ်းရည်စံနှုန်းနှင့် ပြည့်မီသည်”ဟု သတ်မှတ်ပါသည်။ ထို့အပြင် ကိုးကားအချက်အလက်များအဖြစ် မေးခွန်းကဏ္ဍတစ်ခုချင်းစီ၏ အဖြေမှန်ကန်မှုနှုန်းကို ဖော်ပြသွားပါမည်။

စာမေးပွဲရလဒ်အကြောင်းကြားစာ၏ ဒုတိယမြောက်စာမျက်နှာတွင် ဂျပန်ဘာသာစွမ်းရည်စံနှုန်း အချက်အလက်များအကြောင်း ရှင်းပြထားပါသည်။ အသေးစိတ်အကြောင်းအရာကို “စာမေးပွဲအဆင့်သတ်မှတ်ချက်”တွင် ကြည့်ရှုပါ။
၇။စာမေးပွဲရှင်းလင်းချက် စာရွက်စာတမ်း
အထက်ဖော်ပြပါ JFT-Basic ၏ အကြောင်းအရာများကို တစ်စုတစ်စည်းတည်း သိရှိနိုင်အတွက် Slide ပုံစံဖြင့် ပြုစုထားသော စာရွက်စာတမ်းဖြစ်ပါသည်။ (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ) လွတ်လပ်စွာ ဒေါင်းလုတ်ရယူနိုင်ပါသည်။