JFT-Basic ဆိုသည်မှာ

၁။စာမေးပွဲကျင်းပရခြင်းရည်ရွယ်ချက်

ဂျပန်ဖောင်ဒေးရှင်းဂျပန်ဘာသာအခြေခံစာမေးပွဲ (Japan Foundation Test for Basic Japanese၊ အတိုကောက်အခေါ်- JFT-Basic) သည် အဓိကအားဖြင့် အလုပ်လုပ်ရန် ဂျပန်နိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ နေ့စဉ်နေထိုင်မှုဘဝအတွင်း ပြောဆိုဆက်ဆံရာတွင် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာသည့် စာမေးပွဲဖြစ်ပါသည်။

ဤစာမေးပွဲကို "ကျွမ်းကျင်လုပ်သား အမှတ် ၁Open in new window" ၊ "ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကိုင်Open in new window" နေထိုင်ခွင့်ဗီဇာများ ရယူရန် လိုအပ်သည့် ဂျပန်ဘာသာစွမ်းရည်အဆင့်ကို တိုင်းတာသည့်စာမေးပွဲအဖြစ်လည်း အသုံးပြုနေပါသည်။

၂။စာမေးပွဲသတ်မှတ်ချက်

ဂျပန်ဘာသာသည် မိခင်ဘာသာစကားမဟုတ်သော နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ ဤစာမေးပွဲကို ကျင်းပခြင်းဖြစ်သည်။ အဓိကအားဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် နိုင်ငံခြားသားများအတွက် ရည်ရွယ်ပါသည်။

၃။စစ်ဆေးမည့်ပုံစံ

ဤစာမေးပွဲအား ကွန်ပျူတာစနစ်ကို အခြေခံသည့်ပုံစံ (CBT: Computer Based Testing ) ဖြင့် ကျင်းပမည်ဖြစ်သည်။ နိုင်ငံအသီးသီးရှိ စာစစ်ဌာနများတွင် ကွန်ပျူတာကို အသုံးပြု၍ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေဆိုခြင်းများ ပြုလုပ်ပါမည်။ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည့် မေးခွန်းနှင့် နားကြပ်မှတစ်ဆင့် ကြားရသည့်အသံများကို နားထောင်၍ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာတစ်ဆင့် ဖြေဆိုရမည်ဖြစ်သည်။

မေးခွန်းနံပါတ် မေးခွန်းကဏ္ဍအမည် စာမေးပွဲအမည် ကျန်ရှိချိန် ဖြေဆိုသူအမည် မီးခိုးရောင် : ဖြေဆိုပြီး အစိမ်းရောင် : လက်ရှိဖြေဆိုနေသည် အစိမ်းရောင် : မဖြေဆိုရသေး + အလံပုံစံ : ပြန်စစ်ရန် မေးခွန်းကဏ္ဍ ပြောင်းရန် မေးခွန်းနှင့် ရွေးချယ်ရမည့်အဖြေများ ဖော်ပြထားသည့် ဧရိယာ ပြီးခဲသောမေးခွန်းနှင့် နောက်မေးခွန်းများသို့ ပြောင်းရန်ခလုတ်များ မိမိအဖြေအား ပြန်စစ်ရန်
ပုံ ၁ CBTမျက်နှာပြင်ပုံရိပ်

ကွန်ပျူတာမျက်နှာပြင်အလယ်ဗဟိုဧရိယာတွင် မေးခွန်းနှင့် ရွေးချယ်ရမည့်အဖြေများကို ဖော်ပြထားပါသည်။ ထို့ပြင် ကွန်ပျူတာမျက်နှာပြင်တစ်ဝိုက်တွင် မေးခွန်းကဏ္ဍအမည်၊ စာမေးပွဲအမည်၊ ကျန်ရှိသောအချိန်နှင့် ဖြေဆိုမှုအခြေအနေ စသည်တို့ကို ဖော်ပြထားသည်။

မေးခွန်းများကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပါမည်။ Play ခလုတ်ကို နှိပ်ပါက အသံနားထောင်နိုင်မည်ဖြစ်ပြီး ၂ ကြိမ်အထိ နားထောင်နိုင်ပါမည်။ ဖြေဆိုလိုသည့်အဖြေကို click နှိပ်၍ ရွေးချယ်ပါ။ ရွေးချယ်လိုက်သောအဖြေမှာ အရောင်ပြောင်းသွားပါမည်။
ပုံ ၂ မေးခွန်းမျက်နှာပြင်ပုံရိပ်
Your Language ခလုတ်ကိုနှိပ်ပြီး မေးခွန်းကို မိမိနိုင်ငံ၏ ဘာသာစကားဖြင့် ဖတ်ရှုနိုင်သည်။ အခြေအနေများကို နားလည်အောင်ပြုလုပ်ပြီး မေးခွန်းများကို ဖြေဆိုပါ။
ပုံ ၃ ပုစ္ဆာ၏ ဒေသိယဘာသာစကား pop-up ပုံရိပ်

ဤစာမေးပွဲတွင် မေးခွန်းအား အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည်။ Your Language ခလုတ်ကို နှိပ်လိုက်ပါက မိမိနိုင်ငံ၏ဘာသာစကား*ဖြင့် မေးခွန်းကို ဖတ်ရှုနိုင်မည်ဖြစ်သည်။**
မေးခွန်းအဓိပ္ပာယ်၊ အခြေအနေများကို သဘောပေါက်နားလည်အောင် သေချာစွာဖတ်၍ ဖြေဆိုပါ။ နားထောင်သဘောပေါက်ခြင်းကဏ္ဍတွင် Play ခလုတ်ကိုနှိပ်ပါက အသံထွက်ပေါ်လာမည်ဖြစ်ပြီး ၂ ကြိမ်အထိ နားထောင်နိုင်မည်ဖြစ်သည်။ ဖြေဆိုလိုသည့်အဖြေကို click နှိပ်၍ ရွေးချယ်ပါ။ ရွေးချယ်ထားသည့် အဖြေသည် အရောင်ပြောင်းသွားမည်။
*မိမိနိုင်ငံ၏ဘာသာစကားဆိုသည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Your Language 1 : အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ အင်ဒိုနီးရှားဘာသာ၊ ခမာဘာသာ၊ မွန်ဂိုဘာသာ၊ မြန်မာဘာသာ၊ နီပေါဘာသာ၊ ထိုင်းဘာသာ၊ ဗီယက်နမ်ဘာသာ
Your Language 2 : ဥဇဘက်ဘာသာ ဘင်္ဂါလီဘာသာ၊ လာအိုဘာသာ၊ မလေးဘာသာ
** ကွန်ပြူတာမျက်နှာပြင်၏ အရွယ်အစားပေါ်မူတည်၍ မေးခွန်းမျက်နှာပြင်နှင့်၊ ပုစ္ဆာ၏ ဒေသိယဘာသာစကား pop-up တို့ကို ဘေးချင်းယှဉ်လျက် ပြသထားခြင်းရှိမည်။

သက်ဆိုင်ရာအချက်အလက်များ

စာမေးပွဲကွန်ပျူတာမျက်နှာပြင်အား အသုံးပြုပုံနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက အောက်တွင် လေ့လာနိုင်ပါသည်။

၄။စာမေးပွဲဖွဲ့စည်းပုံ

ဤစာမေးပွဲတွင် စကားလုံးများနှင့်ဝေါဟာရများ၊ စကားပြောနှင့် ဖော်ပြချက်များ၊ နားထောင်သဘောပေါက်ခြင်း၊ ဖတ်ရှုသဘောပေါက်ခြင်းစသည့် အပိုင်း(၄)ပိုင်း ပါဝင်ပါမည်။ ဤစာမေးပွဲ ဖွဲ့စည်းပုံနှင့် မေးခွန်းအသီးသီး၏ ရည်ရွယ်ချက်မှာ ဇယား(၁)အတိုင်းဖြစ်သည်။

ဇယား(၁) စာမေးပွဲဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်

မေးခွန်း ကဏ္ဍ မေးခွန်းကဏ္ဍများ၏ရည်ရွယ်ချက် မေးခွန်းခေါင်းစဉ် မေးခွန်းပုံစံ
စကားလုံးများ နှင့် ဝေါဟာရများ (မမေးခွန်း ၁၂ ခုခန့်) နေ့စဉ်လူနေမှုဘဝတွင် အသုံးပြုရမည့် ဂျပန်ဘာသာ စကားလုံးများကို ဖတ်နိုင်ခြင်းရှိမရှိ၊ အခြေခံဝေါဟာရများကို သိရှိထားပြီး အသုံးချနိုင်ခြင်း ရှိမရှိကို စစ်ဆေးပါမည်။ စကားလုံးများ၏ အဓိပ္ပာယ် စကားလုံးများ၏ အဓိပ္ပာယ်ကို မေးမြန်းခြင်း။
စကားလုံး အသုံးများ စကားလုံးအသုံးများကို မေးမြန်းခြင်း။
ခန်းဂျိအသံထွက် ခန်းဂျိဖြင့်ရေးသားထားသော စကားလုံး၏အသံထွက်ကို ဟိရဂနဖြင့် မေးမြန်းခြင်း။
ခန်းဂျိ၏ အဓိပ္ပာယ်နှင့် အသုံးများ ခန်းဂျိဖြင့်ရေးသားထားသော စကားလုံး၏အဓိပ္ပာယ်နှင့် အသုံးများကို မေးမြန်းခြင်း။
စကားပြောနှင့် ဖော်ပြချက်များ (မေးခွန်း ၁၂ ခုခန့်) နေ့စဉ်လူနေမှုဘဝ၏ စကားပြောများတွင် လိုအပ်သည့် သဒ္ဒါနှင့် ဖော်ပြချက်များ အသုံးပြုနိုင်ခြင်းရှိမရှိ စစ်ဆေးပါမည်။ သဒ္ဒါ စကားပြောများ၏ စကားဆက်များနှင့် ကိုက်ညီသည့် သင့်တော်သောသဒ္ဒါကို အသုံးပြုနိုင်ခြင်းရှိမရှိ မေးမြန်းခြင်း။
ဖော်ပြချက် စကားပြောများ၏ စကားဆက် များနှင့် ကိုက်ညီသည့် သင့်တော်သောဖော်ပြချက်ကို အသုံးပြုနိုင်ခြင်းရှိမရှိ မေးမြန်းခြင်း။
နားထောင် သဘောပေါက်ခြင်း (မေးခွန်း ၁၂ ခုခန့်) နေ့စဉ်လူနေမှုဘဝတွင် စကားပြောနှင့် ညွှန်ကြားချက်များကို နားထောင်ပြီး နားလည်သဘောပေါက်ခြင်း ရှိမရှိကို စစ်ဆေးပါမည်။ အကြောင်းအရာကို နားလည်ခြင်း (လူမှုဆက်ဆံရေး ပြောစကားများ) သတင်းအချက်အလက်များနှင့် လူမှုဆက်ဆံရေးပြောစကားများကို နားထောင်ပြီး အကြောင်းအရာကို နားလည်ခြင်းရှိမရှိ မေးမြန်းခြင်း။
အကြောင်းအရာကို နားလည်ခြင်း (ဆိုင်နှင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင်ပြောသော စကားများ) ဆိုင်နှင့် အများပြည်သူနှင့် ဆိုင်သောနေရာများတွင်ပြောသော စကားများကို နားထောင်ပြီး အကြောင်းအရာကို နားလည်ခြင်းရှိမရှိ မေးမြန်းခြင်း။
အကြောင်းအရာကို နားလည်ခြင်း (ညွှန်ကြားချက် အသိပေး ကြေညာချက်များ) ညွှန်ကြားချက်နှင့် အသိပေး ကြေညာချက်၊ အသံလွှင့်ခြင်း စသည်တို့ကို နားထောင်ပြီး အကြောင်းအရာကို နားလည်ခြင်းရှိမရှိ မေးမြန်းခြင်း။
ဖတ်ရှု သဘောပေါက်ခြင်း (မမေးခွန်း ၁၂ ခုခန့်) နေ့စဉ်လူနေမှုဘဝတွင် အသုံးပြုနေသည့် ပေးစာနှင့် ကြော်ငြာစာ၊ ရှင်းလင်းချက် စသည်တို့ကို ဖတ်ပြီး နားလည်သဘောပေါက်ခြင်း ရှိမရှိ စစ်ဆေးပါမည်။ အကြောင်းအရာကို နားလည်ခြင်း ပေးစာ၊ ပို့စာစသည့် တိုတောင်း၍ လွယ်ကူသည့် စာကြောင်းများကို ဖတ်ပြီး အကြောင်းအရာကို နားလည်ခြင်းရှိမရှိ မေးမြန်းခြင်း။
သတင်းအချက်အလက် ရှာဖွေခြင်း နေ့စဉ်မြင်တွေ့နေကျဖြစ်သော ဆိုင်းဘုတ်၊ ကြော်ငြာစာ၊ စာရွက်စာတမ်း အစရှိသည်တို့မှ လိုအပ်သော သတင်းအချက်အလက်များကို ရှာဖွေဖော်ထုတ်နိုင်ခြင်းရှိမရှိ မေးမြန်းခြင်း။

မေးခွန်း ၅၀ ခုခန့် မေးထားမည်ဖြစ်ပြီး ဖြေဆိုချိန်မှာ မိနစ် ၆၀ ဖြစ်ပါသည်။ မေးခွန်းကဏ္ဍအလိုက် ဖြေဆိုမှုကြာချိန်ကို ကန့်သတ်ထားခြင်းမရှိပါ။ မေးခွန်းကဏ္ဍတစ်ခုတည်းအတွင်းတွင်ဖြစ်ပါက အချိန်မရွေး ပြင်ဆင်ခြင်း၊ ထပ်မံဖြေဆိုခြင်း ပြုနိုင်ပါသည်။ သို့သော် နောက်ထပ်မေးခွန်းကဏ္ဍတစ်ခုသို့ ပြောင်းလိုက်ပြီးပါက ရှေ့တွင်ဖြေဆိုခဲ့သော မေးခွန်းကဏ္ဍသို့ပြန်သွားပြီး ဖြေဆိုခြင်းမျိုး မပြုနိုင်တော့ပါ။ ထို့အပြင် နားထောင်သဘောပေါက်ခြင်းကဏ္ဍတွင် မေးခွန်းများကို ရှေ့နောက်ပြောင်းပြီး ပြင်ဆင်ခြင်း၊ ထပ်မံဖြေဆိုခြင်းများ မပြုလုပ်နိုင်ပါ။

၅။ ဂျပန်ဘာသာစွမ်းရည်အကဲဖြတ်အဆင့်

ဂျပန်ဘာသာစွမ်းရည်အဆင့် ၃ မျိုးကို အကဲဖြတ်ပါသည်

ဤစာမေးပွဲသည် ဥရောပဘာသာစကားဆိုင်ရာ ဘုံရည်ညွှန်းချက်မူဘောင် (CEFR:Common European Framework of Reference for Languages: Learning, teaching, assessment)Open in new window ၊ “JF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်းExternal link” (JF-Standard) ၊ “ဂျပန်ဘာသာစကားသင်ကြားမှု ရည်ညွှန်းချက်မူဘောင်Open in new window” မှ A1 ၊ A2.1 ၊ A2.2(A2) အဆင့်များနှင့်ပြည့်မီခြင်းအနေအထားကို အကဲဖြတ်မည်ဖြစ်ပါသည်။
၁၀ မှတ်မှ ၂၅၀ မှတ်အထိ အတိုင်းအတာအတွင်း ၁၄၅ မှတ်မှ ၁၇၄ မှတ်အထိသည် A1 ၊ ၁၇၅ မှတ်မှ ၁၉၉ မှတ်အထိသည် A2.1 ၊ ၂၀၀ မှတ်မှ ၂၅၀ မှတ်အထိသည် A2.2(A2) ဟု အကဲဖြတ်ပါသည်။ A2.1 သည် A1 ကို ပြည့်မီနေပြီး A2.2(A2) ပြည့်မီရေး လေ့လာသင်ယူပြီး တိုးတက်လာနေသည့်အဆင့်ကို ပြသပါသည်။

*JFT-Basic သည် ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ A2.2(A2) သီးသန့်ကိုသာ တိုင်းတာသည့် စာမေးပွဲအဖြစ် ကျင်းပလာခဲ့သော်လည်း ၂၀၂၆ ခုနှစ် ဩဂုတ်လမှစ၍ A1 နှင့် A2.1 တို့ကိုလည်း တိုင်းတာအကဲဖြတ်နိုင်လာပြီဖြစ်ပါသည်။

JFT-Basic ဖြင့် ဂျပန်ဘာသာစွမ်းရည်အကဲဖြတ်အဆင့်
ပုံ ၄ JFT-Basic ဖြင့် ဂျပန်ဘာသာစွမ်းရည်အကဲဖြတ်အဆင့်

ဤစာမေးပွဲတွင် CEFROpen in new windowJF-StandardExternal link ပါ A1-A2 အဆင့်၏ Can-do အပေါ်အခြေခံသည့် မေးခွန်းများကို မေးမြန်းမှာဖြစ်ပြီး “စကားလုံးများနှင့် ဝေါဟာရများ” ၊ “စကားပြောနှင့်ဖော်ပြချက်များ” ၊ “နားထောင်သဘောပေါက်ခြင်း” ၊ “ဖတ်ရှုသဘောပေါက်ခြင်း” စသည့် အပိုင်း ၄ ပိုင်းကို ခြုံငုံကာ ဂျပန်နိုင်ငံတွင် နေ့စဉ်လူမှုဘဝအတွင်း ဆက်သွယ်ပြောဆိုမှုအတွက် လိုအပ်သော ဂျပန်ဘာသာ စွမ်းရည်ကို တိုင်းတာပါသည်။ A1 နှင့် A2 အဆင့် အကြမ်းဖျင်း နမူနာကို ဇယား (၂) တွင်ကြည့်ပါ။

ဇယား ( ၂) စာမေးပွဲအဆင့်
အဆင့် Can-do
A2
  • အခြေခံကျသော ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် မိသားစုအချက်အလက်များ၊ ဈေးဝယ်ထွက်ခြင်း၊ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်စသည့် တိုက်ရိုက်ဆက်စပ်မှုရှိသော နယ်ပယ်များနှင့်ပတ်သက်၍ အသုံးများသောစကားလုံးများနှင့် အသုံးအနှုန်းဖော်ပြချက်များကို သိရှိနားလည်နိုင်သည်။
  • ရိုးရှင်းသောနေ့စဉ်လုပ်ငန်းများဖြစ်ပါက အကျွမ်းတဝင်ရှိပြီးသား အကြောင်းအရာများနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုဖလှယ်နိုင်သည်။
  • မိမိအကြောင်းအရာ၊ မိမိပတ်ဝန်းကျင်ရှိအခြေအနေများနှင့် တိုက်ရိုက်အားဖြင့် ပတ်သက်ဆက်နွယ်မှုရှိသည့် နယ်ပယ်များ၏အကြောင်းကို ရိုးရှင်းလွယ်ကူသော စကားလုံးများဖြင့် ရှင်းလင်းပြောကြားနိုင်သည်။
A1
  • လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် အသုံးများလေ့ရှိသော နေ့စဉ်သုံးစကားအသုံးအနှုန်းများ၊ အခြေခံအဓိပ္ပာယ်တူသောစကားပြောများကို နားလည်အသုံးချနိုင်သည်။
  • မိမိကိုယ်ကိုမိတ်ဆက်ခြင်းနှင့် အခြားသူများအား မိတ်ဆက်ခြင်းတို့ကို ပြုလုပ်နိုင်ပြီး မိမိနေထိုင်သည့်နေရာ၊ မိမိနှင့်သိကျွမ်းသူများ၊ မိမိ၏ပိုင်ဆိုင်မှု စသည့် ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များအား မေးမြန်းခြင်းနှင့် ပြန်လည်ဖြေဆိုခြင်းများ ပြုလုပ်နိုင်သည်။
  • အကယ်၍ တစ်ဖက်လူမှ ဖြည်းဖြည်းနှင့် ရှင်းလင်းပြတ်သားစွာပြောဆိုပြီး နားလည်အောင်ပြောပေးပါက အပြန်အလှန် စကားပြောဆိုနိုင်သည်။

CEFR၏ဘုံမူဘောင်ကိုးကားချက်အဆင့် : ယေဘုယျတိုင်းတာမှုအဆင့်

၆။စာမေးပွဲရလဒ်အားအကြောင်းကြားခြင်း

စာမေးပွဲရလဒ်ကို ဖြေဆိုသူထံသို့ အောက်ပါအတိုင်း အကြောင်းကြားပါမည်။

စာမေးပွဲဖြေဆိုသည့်နေ့
စာမေးပွဲပြီးဆုံးပါက ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် စုစုပေါင်းရမှတ်နှင့် စာမေးပွဲရလဒ်ကို ဖော်ပြပါမည်။
စာမေးပွဲပြီးနောက် ရုံးဖွင့်ရက် ၅ ရက်အတွင်း
Prometric ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်Open in new windowတွင် တရားဝင် စာမေးပွဲရလဒ် အကြောင်းကြားစာကို ထုတ်ပြန်မည်ဖြစ်သဖြင့် Log in ဝင်၍ ကြည့်ရှုပါ။ စာမေးပွဲရလဒ်အကြောင်းကြားစာကို စာရွက်အနေဖြင့် လိုအပ်ပါက ပရင့်ထုတ်ယူ၍ အသုံးပြုနိုင်ပါသည်။

စာမေးပွဲရလဒ်အကြောင်းကြားစာတွင် စုစုပေါင်းရမှတ်နှင့် ၎င်းရမှတ်ပေါ်တွင်အခြေခံဆုံးဖြတ်ထားသည့် စာမေးပွဲရလဒ် ပါရှိပါမည်။ စုစုပေါင်းရမှတ်သည် အဖြေမှန်အရေအတွက်အတိုင်း ရေတွက်ခြင်းမဟုတ်ဘဲ ပျမ်းမျှခြေညှိခြင်းဟုခေါ်သည့် စာရင်းအင်းတွက်ချက်မှုအရ တွက်ချက်ထားသည့် အတိုင်းအတာရမှတ်များဖြင့် ဖော်ပြပါမည်။ စုစုပေါင်းအမှတ်အတိုင်းအတာသည် ၁၀ မှတ် မှ ၂၅၀ မှတ်အထိ ဖြစ်ပြီး ၁၄၅ မှတ်မှ ၁၇၄ မှတ်အထိသည် A1 ၊ ၁၇၅ မှတ်မှ ၁၉၉ မှတ်အထိသည် A2.1 ၊ ၂၀၀ မှတ်မှ ၂၅၀ မှတ်အထိသည် A2.2(A2) ဟု အကဲဖြတ်ပါသည်။ ၁၄၅ မှတ် မပြည့်ပါက စာမေးပွဲရလဒ်ကို ဖော်ပြမည်မဟုတ်ဘဲ "*" ဟု ဖော်ပြပါမည်။ ထို့ပြင် ကိုးကားအချက်အလက်အဖြစ် အပိုင်းအလိုက် အဖြေမှန်ကန်မှုနှုန်းကို ဖော်ပြပါမည်။

စာမေးပွဲရလဒ်အကြောင်းကြားစာပုံစံ
ပုံ ၅ စာမေးပွဲရလဒ်အကြောင်းကြားစာပုံစံ

စာမေးပွဲရလဒ်အကြောင်းကြားစာ၏ စာမျက်နှာ -၂ တွင် ဂျပန်ဘာသာစွမ်းရည်အဆင့်ဆိုင်ရာ အချက်များကို ရှင်းပြထားပါသည်။ အသေးစိတ်ကို “၅။ ဂျပန်ဘာသာစွမ်းရည်အကဲဖြတ်အဆင့်” တွင် ကြည့်ရှုပါ။

၇။စာမေးပွဲရှင်းလင်းချက် စာရွက်စာတမ်း

အထက်ဖော်ပြပါ JFT-Basic ၏ အကြောင်းအရာများကို တစ်စုတစ်စည်းတည်း သိရှိနိုင်အတွက် Slide ပုံစံဖြင့် ပြုစုထားသော စာရွက်စာတမ်းဖြစ်ပါသည်။ (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ) လွတ်လပ်စွာ ဒေါင်းလုတ်ရယူနိုင်ပါသည်။

စာမေးပွဲရှင်းလင်းချက် စာရွက်စာတမ်း (PDF: 2.2MB)

Back to top