စာမေးပွဲဖြေဆိုမှုဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်

စာမေးပွဲဖြေဆိုရန် ကြိုတင်စာရင်းသွင်းခြင်းမပြုမီ..

  1. Prometric ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ် (အောက်တွင် ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုက်ဟုသုံး)Open in new windowသို့ဝင်ရောက်ပြီး Prometric ID ရယူပါ။
  2. ②ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် စာမေးပွဲဖြေဆိုမည့်နိုင်ငံ၏ စာမေးပွဲကျင်းပမည့်ရက်နှင့် စာဖြေဌာနတို့ကို အတည်ပြုပါ။
  3. ③ဖြေဆိုလိုသည့်စာမေးပွဲရက်မတိုင်မီ ရုံးဖွင့်ရက် ၃ ရက် အတွင်း (စာမေးပွဲရက်သည် စနေ၊ တနင်္ဂနွေ၊ ရုံးပိတ်ရက်ဖြစ်ပါက ရုံးဖွင့်ရက် ၄ ရက်အတွင်း) ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် ကြိုတင်စာရင်းသွင်းပါ။ စာမေးပွဲကျင်းပမည့်ရက်နှင့် စာဖြေဌာနများ ပြောင်းလဲပြင်ဆင်လိုပါကလည်း ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် ပြုလုပ်နိုင်ပါသည်။

စာမေးပွဲဖြေဆိုမှုဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်

1. စာမေးပွဲကြေးကို credit card သို့မဟုတ် e-wallet ဖြင့်ပေးသွင်းမည့်အခါ

  1. ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် Prometric ID ဖြင့် Log in ဝင်ပါမည်။
  2. စာမေးပွဲရက်၊ စာဖြေဌာန၊ စာမေးပွဲစတင်ချိန်တို့ကို ရွေးချယ်ပါမည်။
  3. ပေးချေမှုအချက်အလက်များအား ဖြည့်သွင်းပြီး စာမေးပွဲကြေးကို ပေးချေပါ။
  4. ကြိုတင်စာရင်းသွင်းခြင်း ပြီးဆုံးပါပြီ။

2. ဖြေဆိုခွင့်လက်မှတ် (voucher) ဝယ်ယူမည့်အခါ

*ဖြေဆိုခွင့်လက်မှတ် (voucher) အသုံးပြုနိုင်သည့် နိုင်ငံနှင့် ဝယ်ယူနည်းနှင့်ပတ်သက်၍ နိုင်ငံအလိုက်ငွေပေးချေနည်းOpen in new windowနှင့် ဖြေဆိုခွင့်လက်မှတ် (voucher)Open in new window တွင် ကြည့်ရှုပါ။

  1. Voucher ExpressOpen in new window ဖြင့်ဝယ်ယူမည်။ (ကုမ္ပဏီနှင့် အဖွဲ့အစည်းများသာ) သို့မဟုတ်
    ဖြေဆိုခွင့်လက်မှတ် (voucher) အရောင်းကောင်တာOpen in new windowတွင် ငွေသားဖြင့်ဝယ်ယူမည်။
  2. ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် Prometric ID ဖြင့် Log in ဝင်ပါမည်။
  3. စာမေးပွဲရက်၊ စာဖြေဌာန၊ စာမေးပွဲစတင်ချိန်တို့ကို ရွေးချယ်ပါမည်။
  4. ဖြေဆိုခွင့်လက်မှတ်(voucher)နံပါတ်နှင့် အကျုံးဝင်သည့်ကာလကို ဖြည့်ပါမည်။
  5. ကြိုတင်စာရင်းသွင်းခြင်း ပြီးဆုံးပါပြီ။

စာမေးပွဲဖြေဆိုပါမည်။

စာမေးပွဲဖြေသည့်ရက်တွင် ဖြေဆိုပြီးနောက် ကွန်ပျူတာမျက်နှာပြင်တွင် စာမေးပွဲရလဒ် (စုစုပေါင်းရမှတ်နှင့် စာမေးပွဲရလဒ်)တို့ကို ဖော်ပြပေးပါမည်။

စာမေးပွဲဖြေဆိုပြီးနောက် ရုံးဖွင့်ရက် ၅ ရက်အတွင်း ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်ပေါ်တွင် စာမေးပွဲရလဒ်အကြောင်းကြားစာကို ထုတ်ပေးသွားပါမည်။

Back to top