သင်ယူလေ့လာရန်

ဤအပိုင်းတွင် JFT-Basic စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်ရာ၌ အသုံးဝင်သော သင်ထောက်ကူများဖြင့် မိတ်ဆက်ပေးသွားပါမည်။ စာအုပ်အားလုံးသည် အခမဲ့ဖြစ်သည့်အတွက် ဂျပန်ဘာသာသင်ယူလေ့လာရာ၌ အသုံးပြုပါ။

Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကားExternal link

ဂျပန်ဘာသာသင်ရိုးစာအုပ်ဖြစ်သည့် “Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” သည် နိုင်ငံခြားသားများ ဂျပန်နိုင်ငံတွင် နေထိုင်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်းတို့ပြုလုပ်သည့်အချိန်၌ လိုအပ်လာမည့် အခြေခံဂျပန်ဘာသာစကားစွမ်းရည်ကို ကျွမ်းကျင်တတ်မြောက်စေမည့် သင်ထောက်ကူဖြစ်ပါသည်။
ဂျပန်နိုင်ငံနေထိုင်မှုဘဝကို အခြေခံထားသည့် အမျိုးမျိုးသော အခြေအနေနှင့် အကြောင်းအရာများ ထည့်သွင်းထားပြီး လက်တွေ့အသုံးချနိုင်လောက်မည့် ဂျပန်ဘာသာစကားစွမ်းရည်ကို အကျိုးထိရောက်မှု ရှိရှိဖြင့် လေ့လာနိုင်ပါမည်။ သင်ခန်းစာအသီးသီးအတွက် လေ့လာသင်ယူမှုပန်းတိုင်ကို Can-do ပုံစံဖြင့် ဖော်ပြပေးထားပြီး ယင်းသင်ခန်းစာအားလေ့လာပြီး “လုပ်နိုင်သည်” ဆိုသည့်အကြောင်းကို ရှင်းလင်း တိကျစွာ ဖော်ပြထားပါသည်။

Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား
အကျုံးဝင်သည့်အဆင့်
A1၊ A2
ရှင်းပြပေးထားသည့်ဘာသာစကားများ -
အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ မွန်ဂို၊ အင်ဒိုနီးရှား၊ ခမာ၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ နီပေါ၊ ဘာသာစကားများ

IRODORI ဂျပန်ဘာသာ အွန်လိုင်းသင်ရိုးExgternal link

သင်ရိုးစာအုပ် “IRODRI : ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” ကို အခြေခံထားသည့် အထွေထွေ ဂျပန်ဘာသာစကားစွမ်းရည်ကို တတ်မြောက်စေရန်အတွက် သင်ရိုးဖြစ်ပါသည်။ “လေ့လာသင်ယူခြင်း မာတိကာ”တွင် ဂျပန်နိုင်ငံ၏ နေ့စဉ်လူနေမှုဘဝတွင်လိုအပ်မည့် ဂျပန်ဘာသာစကားကို ဗွီဒီယိုဖိုင် စသည်တို့ကို အသုံးပြု၍ အပြန်အလှန်တက်ကြွစွာ လေ့လာနိုင်ပြီး “လေ့ကျင့်ခန်းမာတိကာ”တွင် ခန်းဂျိ၊ သဒ္ဒါ စသည်ဖြင့် ယုံကြည်မှုမရှိသည့်အပိုင်းများအတွက် ထပ်မံ လေ့ကျင့်နိုင်ပါသည်။
စမတ်ဖုန်း၊ကွန်ပျူတာ၊တက်ဘလက်တို့ဖြင့် အသုံးပြုနိုင်သောကြောင့် အားလပ်ချိန်ကို အသုံးချ၍ မည်သည့်အချိန်၊ မည်သည့်နေရာမဆို ဂျပန်ဘာသာစကားကို လေ့လာနိုင်ပါသည်။

ရည်ညွှန်းသင်ကြားမည့်အဆင့်
A1၊ A2
ရှင်းလင်းထားသည့် ဘာသာစကား
အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ မွန်ဂို၊ အင်ဒိုနီးရှား၊ ခမာ၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ နီပေါ၊ ဘာသာစကားများ
Logo of IRODORI Japanese Online Course click to this page

JF ဂျပန်ဘာသာ e-learning MinatoExternal link

အမျိုးမျိုးသော ဂျပန်ဘာသာအွန်လိုင်းသင်ရိုးများ ကို တင်ဆက် ပေးနေသည့် ဂျပန်ဖောင်ဒေးရှင်း၏ ဂျပန်ဘာသာလေ့လာသင်ယူမှု platform တစ်ခုဖြစ်သည်။ မှတ်ပုံတင် စာရင်းသွင်းထားပါက မည်သည့်အချိန်၊ မည်သည့်နေရာမှမဆို အင်တာနက်ဖြင့် ဂျပန်ဘာသာကို လေ့လာနိုင်မည်ဖြစ်သည်။ ဂျပန်ဘာသာလေ့လာနိုင်သော အခြား ဝက်ဘ်ဆိုဒ်များနှင့် အက်ပလီကေးရှင်းများ၏ link များလည်း ထည့်သွင်းပေးထားပါသည်။

ဂျပန်ဘာသာဆရာများသို့

ဂျပန်ဖောင်ဒေးရှင်းသည် မိခင်ဘာသာစကားမှာ ဂျပန်ဘာသာမဟုတ်သည့်နိုင်ငံခြားသားများ ဥပမာအားဖြင့် နေထိုင်မှုပုံစံ “ကျွမ်းကျင်လုပ်သား” စသည်တို့ဖြင့် ဂျပန်နိုင်ငံသို့လာရောက်သည့်အခါ ဂျပန်နိုင်ငံ၏ နေထိုင်မှုဘဝတွင်လိုအပ်လာမည့် အခြေခံကျသော ဂျပန်ဘာသာဖြင့် ဆက်သွယ်ပြောဆိုမှုစွမ်းရည်ကို Can-do Statement (“~လုပ်နိုင်သည်” ဟူသော သင်ခန်းစာပြီးမြောက်မှုစွမ်းရည်ကိုဖော်ပြသည့်ပုံစံ)ဖြင့် ဖော်ပြထားသော “JF နေ့စဉ်သုံး ဂျပန်ဘာသာစကား Can-do”ကို ၂၀၁၉ ခုနှစ်တွင် အသစ်ထုတ်ခဲ့ပါသည်။ ၎င်းသည် ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် JF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်း၏ ခံယူချက်နှင့် အတွေးအခေါ် တို့ကို အခြေခံပြီး ထုတ်လုပ်လိုက်သည့်အရာဖြစ်ကာ A1 အဆင့်နှင့် A2 အဆင့်တို့အတွက် စုစုပေါင်း Can-do ၃၈၁ ခုဖြင့် ဖွဲ့စည်းထားပါသည်။

ဂျပန်ဘာသာသင်ရိုးစာအုပ် “Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား”သည် “JF နေ့စဉ်သုံး ဂျပန်ဘာသာစကား Can-do”ထဲမှ ၃၄၁ ခုကို လေ့လာသင်ယူမှုပန်းတိုင်အဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။

Back to top