အမေးများသောမေးခွန်းများ

၁။ JFT-Basic နှင့် ပတ်သက်၍

မေးခွန်း ၁ JFT-Basic ဆိုသည်မှာ မည်ကဲ့သို့သော စာမေးပွဲဖြစ်ပါသနည်း။
ဖြေ။
JFT-Basic သည် အဓိကအားဖြင့် အလုပ်လုပ်ရန် ဂျပန်နိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ နေ့စဉ်နေထိုင်မှုဘဝအတွင်း ပြောဆိုဆက်ဆံရာတွင် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာသည့် စာမေးပွဲဖြစ်ပါသည်။
ဤစာမေးပွဲတွင် ဥရောပဘာသာစကားဆိုင်ရာ ဘုံရည်ညွှန်းချက်မူဘောင် (CEFR)Open in new windowJF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်း (JF-Standard)External linkဂျပန်ဘာသာစကားသင်ကြားမှု ရည်ညွှန်းချက်မူဘောင်Open in new windowမှ A1 ၊ A2.1 ၊ A2.2(A2) အဆင့်များနှင့်ပြည့်မီခြင်းအနေအထားကို အကဲဖြတ်မည်ဖြစ်ပါသည်။
JFT-Basic ၏ စာမေးပွဲရလဒ်ကို "ကျွမ်းကျင်လုပ်သား အမှတ် ၁Open in new window" ၊ "ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကိုင်Open in new window" နေထိုင်ခွင့်ဗီဇာများ လျှောက်ထားရာတွင် လိုအပ်သည့် ဂျပန်ဘာသာစွမ်းရည်အဆင့်ကို သက်သေပြုရေးအတွက် အသုံးပြုနိုင်ပါသည်။
မေးခွန်း ၂ JFT-Basic ကို မည်သည့်ပုံစံမျိုးဖြင့် ပြုလုပ်ကျင်းပမည်နည်း။
ဖြေ။
။JFT-Basic စာမေးပွဲကို ကွန်ပျူတာနှင့် ဖြေဆိုရမည့် CBT:Computer Based Testing ပုံစံမျိုးဖြင့် ပြုလုပ်မည်ဖြစ်ပါသည်။ စာမေးပွဲကျင်းပမည့် နိုင်ငံအသီးသီး၏ စာဖြေဌာနတွင် ကွန်ပျူတာဖြင့် မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း ပြုလုပ်ရမည် ဖြစ်ပါသည်။ အကန့်ပြုထားသောစားပွဲခုံ၌ ကွန်ပျူတာဖန်သားပြင်တွင် ပေါ်လာသည့် မေးခွန်းနှင့် နားကြပ်မှတစ်ဆင့်ကြားရမည့်အသံကို နားထောင်ပြီး ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ဖြေဆိုရမည်ဖြစ်ပါသည်။
မေးခွန်း ၃ JFT-Basic ကို ကြီးမှူးကျင်းပနေသည်မှာ မည်သည့်အဖွဲ့ ဖြစ်ပါသနည်း။
ဖြေ။
။ဂျပန်ဖောင်ဒေးရှင်းဖြစ်ပါသည်။
မေးခွန်း ၄ JFT-Basicစာမေးပွဲကို မည်သူဖြေဆိုနိုင်ပါသနည်း။
ဖြေ။
ဂျပန်ဘာသာစကားက မိခင်ဘာသာစကားမဟုတ်သူ နိုင်ငံခြားသားများအတွက် အကျုံးဝင်ပါသည်။ သို့ရာတွင် စာမေးပွဲကျင်းပသည့်နိုင်ငံအလိုက် စာမေးပွဲဖြေဆိုနိုင်ခွင့်သတ်မှတ်ချက် ကွာခြားသည့်အတွက် အသေးစိတ်ကို Prometric ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်Open in new windowတွင် ကြည့်ရှုပါ။
မေးခွန်း ၅ JFT-Basic စာမေးပွဲကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် ကျင်းပမည်နည်း။
ဖြေ။
မေးခွန်း ၆ မိမိနေထိုင်သည့်နိုင်ငံမဟုတ်သည့် တစ်ခြားနိုင်ငံတွင် JFT-Basic စာမေးပွဲကို ဖြေဆို၍ ရပါသလား။
ဖြေ။
ရပါသည်။ သို့ရာတွင် စာဖြေဌာနအသီးသီး၌ ရှင်းလင်းချက်များ၊ သတိထားရမည့်အချက်များနှင့် စည်းမျဉ်းစည်းကမ်းများ စစ်ဆေးအတည်ပြုခြင်းစသည်တို့ကို စာဖြေဌာနရှိသည့်နိုင်ငံ၏ ဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်သာ လုပ်ဆောင်မည်ဖြစ်ပြီး အခြားဘာသာစကားများဖြင့် ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။ ထို့ပြင် နိုင်ငံအလိုက် စာမေးပွဲကြေးပေးသွင်းပုံမတူသည့်အတွက် သတိပြုပါ။
မေးခွန်း ၇ JFT-Basic စာမေးပွဲ၏ တစ်စိတ်တစ်ပိုင်းကိုပဲ ရွေးဖြေ၍ ရပါသလား။
ဖြေ။
တစ်စိတ်တစ်ပိုင်းပဲ ရွေးဖြေ၍ မရပါ။
မေးခွန်း ၈ စာမေးပွဲ နောက်တစ်ကြိမ် ထပ်ဖြေ၍ ရပါသလား။
ဖြေ။
စုစုပေါင်းရမှတ်က ၁၉၉ မှတ်အောက် ဖြစ်ပါက စာမေးပွဲ နောက်တစ်ကြိမ် ထပ်ဖြေနိုင်ပါသည်။ သို့ရာတွင် ယခင်တစ်ကြိမ် ဖြေခဲ့သည့် စာမေးပွဲရက်မှ နောက်တစ်ကြိမ်ဖြေဆိုမည့် စာမေးပွဲရက်အထိ ၄၅ ရက် ခြားနေရန် လိုအပ်ပါသည်။ စုစုပေါင်းရမှတ် ၂၀၀ မှတ်နှင့်အထက် တစ်ကြိမ်ရခဲ့ပြီးလျှင် နောက်တစ်ကြိမ် ထပ်ဖြေ၍မရပါ။
မေးခွန်း ၉ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) နှင့် မည်သို့ကွာခြားမှု ရှိပါသလဲ။
အဖြေ။
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)Open in new window သည် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဂျပန်ဘာသာကို လေ့လာသင်ယူနေသူများ၏ ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာရန်အတွက် အခြေအနေအမျိုးမျိုးကို စဉ်းစားထားသည့် ဘက်ပေါင်းစုံ စာမေးပွဲဖြစ်ပြီး N1 မှ N5 အထိ အဆင့် ၅ ဆင့် ရှိပါသည်။ အဖြေလွှာတွင် အဖြေမှန်ကို ရွေးခြစ်ရသည့်ပုံစံဖြစ်ပြီး ဂျပန်နိုင်ငံနှင့် တခြားသောနိုင်ငံများ (နိုင်ငံနှင့် ဒေသ ၉၀ ခန့်) တွင် တစ်နှစ်လျှင် ၂ ကြိမ် ကျင်းပပါသည်။ စာမေးပွဲရလဒ်နှင့် ပတ်သက်၍ စာမေးပွဲဖြေဆိုပြီး ၂ လခန့်အကြာတွင် အွန်လိုင်းမှ ရလဒ်ကို ကြည့်နိုင်ပြီး ၃ လခန့်အကြာတွင် ရလဒ်အကြောင်းကြားစာကို လက်ခံရရှိမည်ဖြစ်ပါသည်။
JFT-Basic သည် ဂျပန်နိုင်ငံမှ နေ့စဉ်နေထိုင်မှုဘဝအတွင်း ပြောဆိုဆက်ဆံရာတွင် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာသည့် စာမေးပွဲဖြစ်ပြီး A1 ၊ A2.1 ၊ A2.2(A2) ဟူသည့် ဂျပန်ဘာသာစွမ်းရည်အဆင့် ၃ ခုကို အကဲဖြတ်မည်ဖြစ်ပါသည်။ CBT ပုံစံဖြစ်ပြီး တခြားသောနိုင်ငံများ (အထူးအားဖြင့် အာရှဒေသ) နှင့် ဂျပန်နိုင်ငံတို့တွင် ပုမှန်အားဖြင့် လစဉ် ကျင်းပနေပါသည်။ စာမေးပွဲရလဒ်နှင့် ပတ်သက်၍ စာမေးပွဲဖြေဆိုသည့်ရက်မှာပင် ရလဒ်ကိုသိနိုင်ပြီး ဖြေဆိုပြီးနောက် ရုံးဖွင့်ရက် ၅ ရက်အတွင်း စာမေးပွဲရလဒ်အကြောင်းကြားစာကို ထုတ်ပေးပါသည်။
ဤကဲ့သို့ JFT-Basic သည် ဂျပန်တွင် နေ့စဉ်နေထိုင်မှုဘဝကို စဉ်းစားထားသည့် စာမေးပွဲဖြစ်ခြင်း၊ စာမေးပွဲ ဖြေဆိုနိုင်သည့်အခွင့်အရေး အများအပြားရှိခြင်း၊ ရလဒ်ကို ချက်ချင်းသိရခြင်းဟူသည့် ထူးခြားချက်များ ရှိပါသည်။ "ကျွမ်းကျင်လုပ်သား အမှတ် ၁Open in new window" ၊ "ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကိုင်Open in new window" နေထိုင်ခွင့်ဗီဇာများ လျှောက်ထားမည့်သူအနေဖြင့် JFT-Basic ကိုအသုံးပြုကြပါ။

၂။ စာမေးပွဲအကြောင်းအရာနှင့် ပတ်သက်၍

မေးခွန်း၁ JFT-Basic သည် မည်ကဲ့သို့သောအဆင့်မျိုးရှိသည့် စာမေးပွဲဖြစ်ပါလဲ။
ဖြေ။
ဥရောပဘာသာစကားဆိုင်ရာ ဘုံရည်ညွှန်းချက်မူဘောင် (CEFR)Open in new windowJF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်း (JF-Standard)External linkဂျပန်ဘာသာစကားသင်ကြားမှု ရည်ညွှန်းချက်မူဘောင်Open in new window မှ A1 ၊ A2.1 ၊ A2.2(A2) အဆင့်များနှင့်ပြည့်မီခြင်းအနေအထားကို အကဲဖြတ်သည့်စာမေးပွဲဖြစ်ပါသည်။ အသေးစိတ်ကို ဂျပန်ဘာသာစွမ်းရည်အကဲဖြတ်အဆင့်တွင် ကြည့်ရှုပါ။
မေးခွန်း ၂ JFT-Basic စာမေးပွဲတွင် မည်ကဲ့သို့သော မေးခွန်းမျိုး မေးပါသနည်း။
ဖြေ။
JFT-Basic သည် “စကားလုံးများနှင့် ဝေါဟာရများ”၊ “စကားပြောနှင့် ဖော်ပြချက်များ”၊ “နားထောင်သဘောပေါက်ခြင်း”၊ “ဖတ်ရှုသဘောပေါက်ခြင်း” ဆိုသည့် အပိုင်း ၄ ပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။ ဥရောပဘာသာစကားဆိုင်ရာ ဘုံရည်ညွှန်းချက်မူဘောင် (CEFR)Open in new window နှင့် JF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်းExternal link အတွေးအခေါ်ကိုမူတည်၍ A1 မှ A2 အဆင့်ရှိ Can-do ကို အခြေခံမေးမြန်းထားခြင်း ဖြစ်သည်။ နမူနာမေးခွန်းပုံစံOpen in new windowကိုလည်း တရားဝင်တင်ပေးထားသည့်အတွက် ကိုးကားကြည့်ရှုနိုင်ပါသည်။ ထို့အပြင် မည်သို့လေ့လာရမလဲဆိုသည်နှင့် ပတ်သက်၍ “၄။ စာမေးပွဲဖြေဆိုရန်အတွက် သင်ယူလေ့လာခြင်းနှင့် ပတ်သက်၍” မှ “မေးခွန်း ၁ စာမေးပွဲအတွက် မည်ကဲ့သို့လေ့လာရမည်နည်း။ စာအုပ်ရှိပါသလား။ ”ဆိုသည့် မေးခွန်းနှင့်အဖြေကို ကြည့်ပါ။
မေးခွန်း ၃ JFT-Basic စာမေးပွဲတွင် စကားပြောမေးခွန်း (စကားပြောစွမ်းရည်ကို စစ်ဆေးသည့်အပိုင်း) နှင့် စာစီစာကုံး မေးခွန်း (အရေးစွမ်းရည်ကို စစ်ဆေးသည့်အပိုင်း)များ ပါရှိပါသလား။
ဖြေ။
။အခုလက်ရှိအချိန်တွင် နှစ်မျိုးစလုံး မပါရှိသေးပါ။
မေးခွန်း ၄ JFT-Basic စာမေးပွဲဖြေဆိုချိန် ဘယ်လောက်ကြာပါသနည်း။
ဖြေ။
။ဖြေဆိုချိန်မှာ မိနစ် ၆၀ ဖြစ်ပါသည်။

၃။ စာမေးပွဲဖြေဆိုရန်ကြိုတင်စာရင်းသွင်းခြင်းနှင့် ပတ်သက်၍

စာမေးပွဲဖြေဆိုရန် ကြိုတင်စာရင်းသွင်းခြင်းနှင့် ပတ်သက်၍ “စာမေးပွဲဖြေဆိုမှုဆိုင်ရာလုပ်ငန်းစဉ် အဆင့်ဆင့်” တွင် ကြည့်ရှုပါ။ စာမေးပွဲဖြေဆိုရန် ကြိုတင်စာရင်းသွင်းခြင်းတစ်ခုလုံးနှင့်သက်ဆိုင်သော မေးခွန်းများကို Prometric Customer Service CenterOpen in new window သို့ ဆက်သွယ်စုံစမ်းမေးမြန်းပါ။ ဆက်သွယ်မေးမြန်းခြင်းမပြုမီ Prometric ၏ ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်ပေါ်ရှိ အမေးများသောမေးခွန်းများOpen in new windowကိုလည်း ဝင်ရောက်ကြည့်ရှုပါ။ သတိချပ်ရန်မှာ ဂျပန်ဖောင်ဒေးရှင်း၏ ရုံးချုပ်နှင့် နိုင်ငံခြားရှိရုံးများတွင် စာမေးပွဲဖြေဆိုရန် ကြိုတင်စာရင်းပေးသွင်းခြင်း နှင့်ပတ်သက်သည့် ကူညီမှုနှင့် ကိုယ်စားစာရင်းပေးသွင်းခြင်းကို လုပ်ဆောင်ပေးခြင်း မရှိပါ။

၄။ စာမေးပွဲဖြေဆိုရန်အတွက် သင်ယူလေ့လာခြင်းနှင့် ပတ်သက်၍

မေးခွန်း ၁ စာမေးပွဲအတွက် မည်ကဲ့သို့လေ့လာရမည်နည်း။ စာအုပ်ရှိပါသလား။
ဖြေ။
Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကားExternal link”သင်ရိုးစာအုပ် နှင့် “Irodoriဂျပန်ဘာသာ အွန်လိုင်းသင်ရိုးExternal link”ဝက်ဘ်ဆိုဒ်များသည် ဂျပန်တွင် နေ့စဉ်နေထိုင်မှုဘဝအတွင်း ပြောဆိုဆက်ဆံရေးအတွက် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ရရှိစေရေး သင်ထောက်ကူပစ္စည်းဖြစ်ပြီး၊ Can-do (ဂျပန်ဘာသာစကားကို အသုံးပြု၍ ဘာကိုလုပ်ဆောင်နိုင်မည်နည်း) ဆိုသည်ကို လေ့လာသင်ယူမှု ရည်မှန်းချက်အဖြစ် ထားရှိပါသည်။ JFT-Basic စာမေးပွဲသည်လည်း Can-do ကို အခြေခံသည့် နေ့စဉ်နေထိုင်မှုဘဝဆိုင်ရာ မေးခွန်းများကို မေးမြန်းပါသည်။ ထို့ကြောင့် “Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” နှင့် “Irodori ဂျပန်ဘာသာ အွန်လိုင်းသင်ရိုး” များကို လေ့လာပြီး Can-do ကို ပြည့်မြောက်နိုင်အောင် လုပ်ဆောင်ခြင်းသည် JFT-Basic အတွက် ပြင်ဆင်ရာတွင် အသုံးဝင်ပါသည်။
Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” နှင့် “Irodori ဂျပန်ဘာသာ အွန်လိုင်းသင်တန်း” များကို လေ့လာခြင်းအားဖြင့် ဂျပန်မှ နေ့စဉ်လူနေမှုဘဝအတွင်း ဂျပန်ဘာသာစကားကို အသုံးပြု၍ မည်သို့လုပ်ဆောင်နိုင်မည်နည်းဆိုသည့် “လေ့လာသင်ယူမှု ရည်မှန်းချက်” ၊ ထိုရည်မှန်းချက် ပြည့်မြောက်ရန် “လေ့လာသင်ယူမှု” ၊ ပြည့်မြောက်မှုရှိမရှိ “အကဲဖြတ်ခြင်း” အလုံးစုံသည် Can-do အခြေခံ ဖြစ်လာပါမည်။ JFT-Basic အတွက် ပြင်ဆင်မှုသက်သက်မဟုတ်ဘဲ ဂျပန်တွင်နေထိုင်မှုအတွက်လည်း အသင့်ပြင်ဆင်ထားနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် "IRODORI ဂျပန်ဘာသာအွန်လိုင်းသင်ရိုး" ၏ "လေ့လာသင်ယူမှု" မာတိကာများမှ "အနှစ်ချုပ်" တွင် JFT-Basic စာမေးပွဲ၏ ကဏ္ဍ၊ ခေါင်းစဉ်များနှင့် အလားတူ "ဝေါဟာရများ"၊"ခန်းဂျိ"၊"သဒ္ဒါ"၊"ဖော်ပြချက်"၊"နားထောင်ခြင်း"၊"ဖတ်ရှုခြင်း" များဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများ ပါဝင်ပါသည်။ "လေ့ကျင့်ရေး" အကြောင်းအရာများတွင် "ဝေါဟာရများ"၊"ခန်းဂျိ"၊"သဒ္ဒါ"၊"ဖော်ပြချက်" များကို လေ့ကျင့်နိုင်ပါသည်။ ဖော်ပြခဲ့သည့်အတိုင်း "IRODORI ဂျပန်ဘာသာအွန်လိုင်းသင်ရိုး" သည် ပို၍ လက်တွေ့ကျစွာ လေ့ကျင့်နိုင်သည့်အတွက် JFT-Basic စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရာတွင် အသုံးချစေလိုပါသည်။ အသေးစိတ်နှင့်ပတ်သက်၍ JFT-Basic စာမေးပွဲဖြေဆိုရေး ပြင်ဆင်မှုအတွက် အသုံးဝင်သည့် သင်ထောက်ကူပစ္စည်းများကို ပြသထားသည့် "သင်ယူလေ့လာရန်" ကို ကြည့်ရှုပါ။ JFT-Basic စာမေးပွဲ၏ အနေအထားကို ခန့်မှန်းနိုင်ရန် လက်တွေ့ စာမေးပွဲပုံစံနှင့် နီးစပ်သည့် နမူနာမေးခွန်းပုံOpen in new windowစံ ကိုလည်း ပြသထားပါသည်။
မေးခွန်း ၂ JFT-Basic ၏ A1 ၊ A2.1 ၊ A2.2(A2) အသီးသီးကို ရည်မှန်းချက်ထားရာတွင် A1 အတွက် “Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” ‘အခြေခံမိတ်ဆက် (A1)’ ၊ A2.1 အတွက် ‘အခြေခံအဆင့် (၁) (A2)’ ၊ A2.2(A2)အတွက် ‘အခြေခံအဆင့် (၂) (A2)’ ကို လေ့လာသင်ယူရမှာ ဖြစ်ပါသလား။
ဖြေ။
Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” ၏ ‘အခြေခံမိတ်ဆက် (A1)’သည် JFT-Basic ၏ A1 အတွက် အကျုံးဝင်ပါသည်။ ‘အခြေခံအဆင့် (၁) (A2)’ နှင့် ‘အခြေခံအဆင့် (၂) (A2)’ သည် နှစ်ခုစလုံး A2 အဆင့် သင်ထောက်ကူပစ္စည်းဖြစ်ပြီး ၂ အုပ်စလုံးကို လေ့လာပြီးသည့် အဆင့်သည် JFT-Basic ၏ A2.2(A2) စာမေးပွဲဖြေဆိုနိုင်သည့်အဆင့်ဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ ထို့ပြင် ‘အခြေခံအဆင့် (၁) (A2)’ လေ့လာပြီးသည့်အဆင့်သည် A2.1 စာမေးပွဲဖြေဆိုနိုင်သည့်အဆင့်ဖြစ်ပါသည်။
မေးခွန်း ၃ အရင်စာမေးပွဲတွင်မေးခဲ့သည့် စာမေးပွဲမေးခွန်းများကို ထုတ်ပြန်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း ရှိပါသလား။
ဖြေ။
လက်ရှိတွင် အစီအစဉ် မရှိပါ။ လေ့လာမှတ်သားနိုင်ရန် နမူနာမေးခွန်းOpen in new windowကို ကြည့်ရှုနိုင်ပါသည်။

၅။ စာမေးပွဲဖြေဆိုသည့်နေ့နှင့် ပတ်သက်၍

မေးခွန်း ၁ စာမေးပွဲဖြေဆိုသည့်နေ့တွင် ယူဆောင်သွားရမည့်ပစ္စည်းနှင့် စာဖြေဌာနတည်နေရာ၊ စာမေးပွဲ ဖြေဆိုသည့်နေ့ရှိစုံစမ်းမေးမြန်းခြင်းမှစ၍ စာမေးပွဲဖြေဆိုပြီးချိန်အထိ လုပ်ဆောင်ပုံအဆင့်နှင့် ပတ်သက်ပြီး မေးမြန်းချင်ပါတယ်။
ဖြေ။
စာမေးပွဲဖြေဆိုသည့်နေ့အတွက် လုပ်ဆောင်ပုံအဆင့်အသေးစိတ်နှင့်ပတ်သက်ပြီး “စာမေးပွဲ ဖြေဆိုသည့်နေ့အတွက် လုပ်ဆောင်ပုံအဆင့်များOpen in new window” ကိုကြည့်ရှုပါ။ ယူဆောင်သွားရမည့်ပစ္စည်း၊ စာဖြေဌာန၊ သတင်းပို့စာရင်းပေးခြင်းမှအစ စာမေးပွဲဖြေဆိုပြီးချိန်အထိ လုပ်ဆောင်ပုံအဆင့်နှင့်ပတ်သက်သည့် မေးခွန်းကို Prometric Customer Service CenterOpen in new window သို့ ဆက်သွယ်စုံစမ်းမေးမြန်းပါ။
မေးခွန်း ၂ စာဖြေဌာနမှ ကွန်ပျူတာအသုံးပြုပုံနှင့် စာမေးပွဲမျက်နှာပြင်ကို စာမေးပွဲမဖြေမီ ကြည့်ရှုအတည်ပြုနိုင်ပါသလား။
ဖြေ။
ရပါသည်။ စာမေးပွဲဖြေဆိုခြင်း လုပ်ဆောင်ပုံအဆင့်များOpen in new windowကို ကြည့်ရှုအတည်ပြုနိုင်ပါသည်။ အချို့ မျက်နှာပြင်များတွင် နမူနာမေးခွန်းOpen in new windowဖြင့် အတွေ့အကြုံရယူခြင်းလည်း လုပ်ဆောင်နိုင်ပါသည်။ စာမေးပွဲမျက်နှာပြင်ကို လက်တွေ့ လုပ်ဆောင်ပုံနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက အောက်ပါနေရာတွင် ကြည့်ရှုပါ။
- ဂျပန်ဖောင်ဒေးရှင်း ဂျပန်ဘာသာအခြေခံစာမေးပွဲ (JFT-Basic) ၏ စာမေးပွဲကွန်ပျူတာမျက်နှာပြင်အားအသုံးပြုပုံ (YouTube)Open in new window

၆။ အမှတ်ပေးခြင်း၊ ရလဒ်အကြောင်းကြားခြင်းနှင့် ပတ်သက်၍

မေးခွန်း ၁ စာမေးပွဲရလဒ်ကို မည်ကဲ့သို့ဆုံးဖြတ်ပါသနည်း။
ဖြေ။
စာမေးပွဲရလဒ်အကြောင်းကြားစာတွင် စုစုပေါင်းရမှတ်နှင့် ၎င်းရမှတ်ပေါ်တွင် အခြေခံအကဲဖြတ်ထားသည့် စာမေးပွဲရလဒ် ပါရှိပါမည်။ စုစုပေါင်းအမှတ်သည် ၁၀ မှတ်မှ ၂၅၀ မှတ် အထိဖြစ်ပြီး ရမှတ် ၁၄၅ မှတ်မှ ၁၇၄ မှတ်အထိသည် A1 ၊ ၁၇၅ မှတ်မှ ၁၉၉ မှတ်အထိသည် A2.1 ၊ ၂၀၀ မှတ်မှ ၂၅၀ မှတ်အထိသည် A2.2(A2) ဟု အကဲဖြတ်ပါသည်။ ၁၄၅ မှတ် မပြည့်ပါက စာမေးပွဲရလဒ်ကို ဖော်ပြမည်မဟုတ်ဘဲ "*" ဟု ဖော်ပြပါမည်။ အသေးစိတ်ကို စာမေးပွဲရလဒ်အကြောင်းကြားခြင်းတွင်ကြည့်ရှုပါ။
မေးခွန်း ၂ ဖြေဆိုမှုအပိုင်းအလိုက် အနည်းဆုံးရရှိရမည့်အမှတ် သတ်မှတ်ချက် ရှိပါသလား။
ဖြေ။
မရှိပါ။ အပိုင်း ၄ ပိုင်းစလုံးကို စုပေါင်းတွက်ချက်ပြီး စုစုပေါင်းရမှတ်က ဂျပန်ဘာသာစွမ်းရည်အဆင့်ဆိုင်ရာ ရမှတ်အတိုင်းအတာကို ပြည့်မီနေပါက ထိုစံနှုန်းကိုပြည့်မီနေသည်ဟု အကဲဖြတ်ပါသည်။
မေးခွန်း ၃ စာမေးပွဲရလဒ်ကို မည်သည့်အချိန်တွင် သိရှိနိုင်မည်နည်း။
ဖြေ။
စာမေးပွဲဖြေဆိုသည့်ရက်တွင် စာမေးပွဲဖြေဆိုပြီးနောက် ဖြေဆိုခဲ့သည့် ကွန်ပျူတာမျက်နှာပြင်တွင် စာမေးပွဲရလဒ် (စုစုပေါင်းရမှတ်နှင့် အကဲဖြတ်ရလဒ်) ကို ဖော်ပြမည်ဖြစ်ပါသည်။ ထို့ပြင် စာမေးပွဲဖြေဆိုသည့်ရက်မှ ရုံးဖွင့်ရက် ၅ ရက်အတွင်း Prometric ကုမ္ပဏီဝက်ဘ်ဆိုဒ်Open in new windowပေါ်တွင် စာမေးပွဲရလဒ်အကြောင်းကြားစာကို ထုတ်ပေးမည်ဖြစ်သဖြင့် Log in ဝင်ပြီး အတည်ပြုစစ်ဆေးပါ။
မေးခွန်း ၄ ရလဒ်အကြောင်းကြားစာ စာရွက်ကို မည်သို့ ပို့ပေးမည်နည်း။
ဖြေ။
ရလဒ်အကြောင်းကြားစာကို စာမေးပွဲဖြေဆိုသည့်နေ့မှ ရုံးဖွင့်ရက် ၅ ရက်အတွင်း Prometric ကုမ္ပဏီဝက်ဘ်ဆိုဒ်Open in new windowပေါ်တွင် ထုတ်ပေးမည်ဖြစ်သဖြင့် Log in ဝင်ပြီး အတည်ပြုစစ်ဆေးပါ။ ရလဒ်အကြောင်းကြားစာကို စာရွက်ဖြင့်လိုအပ်ပါက print ထုတ်ပြီး အသုံးပြုပါ။
မေးခွန်း ၅ စာမေးပွဲရလဒ်ကို မည်ကဲ့သို့အသုံးချ၍ ရပါနည်း။
ဖြေ။
A1 သည် “ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကိုင်Open in new window” နေထိုင်ခွင့်ဗီဇာများ လျှောက်ထားရာတွင်၊ A2.1 သည် အဓိကအားဖြင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကိုင်စနစ်ဖြင့် ကာယကံရှင်က ကုမ္ပဏီပြောင်းလဲရန်လုပ်ဆောင်သည့် လုပ်ငန်းစဉ်တွင်၊ A2.2(A2) သည် “ကျွမ်းကျင်လုပ်သားအမှတ် ၁Open in new window” နေထိုင်ခွင့်ဗီဇာ လျှောက်ထားရာတွင် အသုံးပြုနိုင်ပါသည်။
*အလုပ်လုပ်မည့် လုပ်ငန်းနယ်ပယ်ပေါ် မူတည်၍ ပိုမိုမြင့်မားသော ဂျပန်ဘာသာစွမ်းရည်အဆင့် လိုအပ်ခြင်း ရှိနိုင်ပါသည်။
မေးခွန်း ၆ JFT-Basic သည် “ကျွမ်းကျင်လုပ်သားအမှတ် ၁” ၊ "ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကိုင်" မဟုတ်သော နေထိုင်ခွင့်ဗီဇာများ လျှောက်ထားခြင်း၊ အလုပ်အကိုင်ရှာဖွေခြင်းနှင့် ပညာဆက်လက်သင်ယူရေးများအတွက် အသုံးပြုနိုင်ပါသလား။
ဖြေ။
လောလောဆယ်တွင် “ကျွမ်းကျင်လုပ်သားအမှတ် ၁Open in new window” ၊ "ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကိုင်Open in new window" မဟုတ်သော နေထိုင်ခွင့်ဗီဇာများ လျှောက်ထားခြင်းအတွက် အသုံးပြုခြင်းမရှိပါ။ အခြားခွင့်ပြုချက် လျှောက်ထားရေးအတွက် လိုအပ်သည့် စာရွက်စာတမ်းများနှင့်ပတ်သက်၍ ဂျပန် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီ၏ဝက်ဘ်ဆိုဒ်Open in new windowကို ကြည့်ရှုပါ။
ထို့အပြင် လုပ်ငန်းနှင့်ကျောင်းများတွင် JFT-Basic အသုံးပြုခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်းနှင့် ကျောင်းများသို့ စုံစမ်းမေးမြန်းပါ။
မေးခွန်း ၇ စာမေးပွဲရလဒ်သည် အကျုံးဝင်မှုသက်တမ်းရှိပါသလား။
ဖြေ။
JFT-Basic စာမေးပွဲရလဒ်တွင် အကျုံးဝင်မှုသက်တမ်းမရှိပါ။ ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် စာမေးပွဲရလဒ် ဒေတာများကို ၅ နှစ်ကြာ ထိန်းသိမ်းပေးထားမည်ဖြစ်ပါသည်။ ဤထိန်းသိမ်းပေးထားသော ကာလအတွင်း ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် စာမေးပွဲရလဒ်အကြောင်းကြားစာကို ဝင်ရောက်ကြည့်နိုင်ပါ သည်။ ဤကာလကျော်လွန်သွားပါက စာမေးပွဲရလဒ်အကြောင်းကြားစာကို ဝင်ကြည့်၍ရနိုင်တော့မည် မဟုတ်ပါ။ ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် စာမေးပွဲရလဒ်ဒေတာများသိမ်းဆည်းပေးထားသည့်ကာလအတွင်း print ထုတ်ထားပေးပါ။
မေးခွန်း ၈ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ အကဲဖြတ်မှုရလဒ် အကြောင်းကြားစာကို ၂၀၂၆ ခုနှစ် ဩဂုတ်လနောက်ပိုင်းတွင်လည်း အသုံးပြုနိုင်ပါသလား။
ဖြေ။
ဖြေ။ သုံးနိုင်ပါသည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိအတွင်း စာမေးပွဲဖြေကာ စုစုပေါင်းရမှတ်က စံညွှန်းအမှတ် (၂၀၀ မှတ်) နှင့်အထက်ဖြစ်ပါက A2.2 (A2) ဂျပန်ဘာသာစကား ကျွမ်းကျင်မှုအဆင့်ပြည့်မီနေကြောင်း သက်သေပြရန်အတွက် အသုံးပြုနိုင်သည်။
"ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကိုင်" နေထိုင်ခွင့်် လျှောက်ထားရန်စသည်တို့အတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်မှုအဆင့် A1 သို့မဟုတ် A2.1 စံညွှန်းနှင့်ပြည့်မီနေကြောင်း သက်သေပြရန်လိုအပ်သူဖြစ်ပါက အကဲဖြတ်မှုရလဒ် အကြောင်းကြားစာတွင် A1 သို့မဟုတ် A2.1 ဆိုင်ရာအကဲဖြတ်မှုကို ဖော်ပြသည့် ၂၀၂၆ ခုနှစ် ဩဂုတ်လနောက်ပိုင်း စာမေးပွဲကို ဖြေဆိုပါ။
မေးခွန်း ၉ ရလဒ်အကြောင်းကြားစာရွက်ကို အတုအပပြုလုပ်ထားခြင်း၊ ပြုပြင်ဖန်တီးထားခြင်းရှိမရှိ မည်သို့စစ်ဆေးသိရှိနိုင်မည်နည်း။
ဖြေ။
ဂျပန် သို့မဟုတ်အခြားနိုင်ငံများ၏ အစိုးရအဖွဲ့အစည်းများ၊ တက္ကသိုလ်ပညာရေးအဖွဲ့အစည်းများ၊ လုပ်ငန်းအဖွဲ့အစည်းများမှ မှန်ကန်သင့်လျော်သည့် အကြောင်းပြချက်ဖြင့် စာမေးပွဲရလဒ်အကြောင်းကြားစာရွက်ပါ ဖော်ပြချက်များ စစ်မှန်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းလာပါက ဂျပန်ဖောင်ဒေးရှင်းမှ အဆိုပါမေးမြန်းမှုအား ပြန်လည်ဖြေကြားပေးမည်ဖြစ်ပါသည်။
အတုအစစ် စစ်ဆေးခြင်းနှင့်ပတ်သက်၍ အသေးစိတ်လုပ်ဆောင်ရမည့်အချက်များအား ဂျပန်ဖောင်ဒေးရှင်းထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်လိပ်စာ - ဂျပန်ဖောင်ဒေးရှင်း ဂျပန်ဘာသာစကား ဌာနအမှတ် ၂
အီးမေးလ် - jft-basic@jpf.go.jp
(အီးမေးလ်ပို့ရာတွင် @အမှတ်အသားအား စာလုံးအကြီးမှ အသေးသို့ ပြောင်းလဲရပါမည်။)
  • ※ ဂျပန်ဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ရေးသားပါ။ ဂျပန်နှင့်အင်္ဂလိပ်ဘာသာများမှလွဲ၍ အခြားဘာသာစကားများအား ပြန်လည်ဖြေဆိုနိုင်မည်မဟုတ်ပါ။
  • ※ တယ်လီဖုန်းဖြင့် စုံစမ်းဆက်သွယ်မှုအား လက်ခံဖြေကြားမည်မဟုတ်ပါ။

၇။ သီးခြားကျွမ်းကျင်မှုစနစ်၊ လေ့ကျင့်ရေးနှင့် အလုပ်အကိုင်စနစ်များနှင့်ပတ်သက်၍

ကျွမ်းကျင်လုပ်သားစနစ်၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကိုင်စနစ်များ၏ အသေးစိတ်ကို အောက်ပါ လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီဝက်ဘ်ဆိုဒ်တွင် ကြည့်ရှုပါ။ ကျွမ်းကျင်မှုစာမေးပွဲနှင့် စနစ်အသီးသီးတွင် တောင်းဆိုထားသော ဂျပန်ဘာသာစကားသတ်မှတ်ချက်များနှင့် ပတ်သက်၍လည်း ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

ကျွမ်းကျင်လုပ်သားစနစ်နှင့်ပတ်သက်၍ နိုင်ငံခြားသားများအတွက် ဘာသာပေါင်းစုံဖြင့် အချက်အလက်များကို ထုတ်ပြန်နေသည့် အောက်ပါဝက်ဘ်ဆိုဒ်များကိုလည်း တစ်ပါတည်း ကြည့်ရှုပါ။

အထူးကျွမ်းကျင်လုပ်သား အထွေအထွေအထောက်အကူပြုဝက်ဆိုက်

Back to top