၂၀၂၆ခုနှစ် ဩဂုတ်လမှစ၍ JFT-Basic စာမေးပွဲသည် A1 နှင့် A2.1ကိုလည်း အကဲဖြတ်နိုင်မည်

The Japan Foundation Test for Basic Japanese (JFT-Basic) သည် ဂျပန်နိုင်ငံ၏ နေ့စဉ်လူနေမှုအနေအထားများတွင် ပြောဆိုဆက်ဆံရေးအတွက် လိုအပ်သော ဂျပန်ဘာသာစကားကျွမ်းကျင်မှုကို တိုင်းတာသည့် စာမေးပွဲတစ်ခုဖြစ်သည်။ ၂၀၂၆ ခုနှစ် သြဂုတ်လမှစ၍ လက်ရှိ A2 အဆင့်အပြင် A1 နှင့် A2.1 ကိုပါ အကဲဖြတ်နိုင်မည်ဖြစ်သည်။

ထိုပြောင်းလဲမှုနှင့်အတူ၊ ဤစာမေးပွဲသည် ဖြေဆိုသူတစ်ဦးသည် the Common European Framework of Reference for Languages: Learning, teaching, assessment ​(CEFR)၊ "JF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်း"နှင့် "ဂျပန်ဘာသာစကားပညာရေးအတွက် အညွှန်းဘောင်"တို့မှ A1 သို့မဟုတ် A2.1 သို့မဟုတ် A2.2 (A2) အဆင့်ကို ရောက်ရှိနေခြင်းရှိမရှိ ဆုံးဖြတ်နိုင်လာပြီး၊ ကျွမ်းကျင်လုပ်သားစနစ် (ကျွမ်းကျင်လုပ်သားအမှတ် ၁) သာမက ၂၀၂၇ ခုနှစ် ဧပြီလတွင် စတင်ကျင့်သုံးမည့် Employment for Skill Development Program တွင် လိုအပ်ချက်ဖြစ်သည့် ဂျပန်ဘာသာစကားကျွမ်းကျင်မှုအဆင့်ကို အကဲဖြတ်မည့် စာမေးပွဲအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

JFT-Basic စာမေးပွဲဖြင့် အကဲဖြတ်သည့် ဂျပန်ဘာသာစကားကျွမ်းကျင်မှုအဆင့်

  A1 A2.1 A2.2(A2)
၂၀၂၆ ခုနှစ် ဇူလိုင်လအထိ
၂၀၂၆ ခုနှစ် ဩဂုတ်လမှစ၍
JFT-Basic စာမေးပွဲဖြင့် အကဲဖြတ်သည့် ဂျပန်ဘာသာစကားကျွမ်းကျင်မှုအဆင့်

A2.2 (A2) သည် ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ A2 နှင့်ညီမျှသည်။
A2.1 သည် A1 ကိုပြည့်မီပြီး A2.2 (A2) သို့ရောက်ရှိရန် ဆက်လက်လေ့လာသင်ယူနေသည့် အဆင့်ဖြစ်သည်ကို ဖော်ပြသည်။

အကဲဖြတ်မှုရလဒ် အကြောင်းကြားစာ နမူနာ

၁၀ မှတ်မှ ၂၅၀ မှတ်အထိ အတိုင်းအတာအတွင်း ၁၄၅ မှတ်မှ ၁၇၄ မှတ်ကို A1 အဆင့်၊ ၁၇၅ မှတ်မှ ၁၉၉ မှတ်ကို A2.1 အဆင့်၊ ၂၀၀ မှတ်မှ ၂၅၀ မှတ်ကို A2.2 (A2) အဆင့်ဟု အကဲဖြတ်သည်။
၁၄၅ မှတ် မပြည့်မီပါက အကဲဖြတ်မှုရလဒ်ကို မဖော်ပြပဲ "*" ကိုသာ ဖော်ပြမည်။

အကဲဖြတ်မှုရလဒ် အကြောင်းကြားစာ နမူနာ

အမေးအဖြေ

မေး။ စစ်ဆေးမည့်ပုံစံ၊ စာမေးပွဲဖွဲ့စည်းပုံနှင့် စာမေးပွဲတွင်မေးမြန်းသည့် မေးခွန်းအဆင့်များ ပြောင်းလဲမှာပါလား။
ဖြေ။ မပြောင်းလဲပါ။
စစ်ဆေးမည့်ပုံစံ၊ စာမေးပွဲဖွဲ့စည်းပုံနှင့် စာမေးပွဲတွင်မေးမြန်းသည့် မေးခွန်းအဆင့်များ၏ အသေးစိတ်ကို "JFT-Basic ဆိုသည်မှာ" စာမျက်နှာ၏ "၃။စစ်ဆေးမည့်ပုံစံ"၊ "၄။စာမေးပွဲဖွဲ့စည်းပုံ" နှင့် "၅။စာမေးပွဲအဆင့်သတ်မှတ်ချက်" ကို ကြည့်ရှုပါ။
မေး။ A1 နှင့် A2.1 အကဲဖြတ်မှုရလဒ်ကို မည်သည့်အနေအထားတွင် အသုံးပြုနိုင်ပါသလဲ။
ဖြေ။ Employment for Skill Development Program တွင် အလုပ်စတင်ချိန်အထိ မူအားဖြင့် A1 နှင့်အထက် အလားတူ ဂျပန်ဘာသာစကားကျွမ်းကျင်မှုအဆင့် လိုအပ်သည့်အတွက် A1 အကဲဖြတ်မှုရလဒ်သည် နေထိုင်ခွင့် "Employment for Skill Development" ဖြင့် ဂျပန်သို့လာရောက် အလုပ်လုပ်ရန် လျှောက်ထားရာတွင် အသုံးပြုနိုင်ပါသည်။
A2.1 သည် A1 နှင့် A2.2 (A2) တို့အကြားတွင် သတ်မှတ်ထားသည့် ဂျပန်ဘာသာစကားကျွမ်းကျင်မှုအဆင့်ဖြစ်ပြီး A2.1 အကဲဖြတ်မှုရလဒ်သည် အဓိကအားဖြင့် Employment for Skill Development Program တွင် ကာယကံရှင်၏ တောင်းဆိုမှုအရ အလုပ်ရှင်ပြောင်းခြင်းအတွက် လိုအပ်ချက်ကို စိစစ်ရာတွင် အသုံးပြုမည်ဟု မျှော်လင့်ရပါသည်။
သို့ရာတွင်၊ အလုပ်လုပ်နေသည့် လုပ်ငန်းနယ်ပယ်ပေါ် မူတည်၍ အလုပ်စတင်ချိန် သို့မဟုတ် ကာယကံရှင်၏ တောင်းဆိုမှုအရ အလုပ်ရှင်ပြောင်းချိန် စသည်များတွင် လိုအပ်သော ဂျပန်ဘာသာစကားကျွမ်းကျင်မှုအဆင့်သည် အထက်ဖော်ပြပါအဆင့်ထက် မြင့်နေနိုင်ကြောင်း (လတ်တလောတွင် သုံးသပ်ဆဲ) သိထားပါ။
Employment for Skill Development Program အကျဉ်းချုပ်ကို လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ ဝက်ဘ်ဆိုက်Open in new window တွင်ကြည့်ရှုပါ။
မေး။ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ အကဲဖြတ်မှုရလဒ် အကြောင်းကြားစာကို ၂၀၂၆ ခုနှစ် ဩဂုတ်လနောက်ပိုင်းတွင်လည်း အသုံးပြုနိုင်ပါသလား။
ဖြေ။ သုံးနိုင်ပါသည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိအတွင်း စာမေးပွဲဖြေကာ စုစုပေါင်းရမှတ်က စံညွှန်းအမှတ် (၂၀၀ မှတ်) နှင့်အထက်ဖြစ်ပါက A2.2 (A2) ဂျပန်ဘာသာစကား ကျွမ်းကျင်မှုအဆင့်ပြည့်မီနေကြောင်း သက်သေပြရန်အတွက် အသုံးပြုနိုင်သည်။
"Employment for Skill Development" နေထိုင်ခွင့်် လျှောက်ထားရန်စသည်တို့အတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်မှုအဆင့် A1 သို့မဟုတ် A2.1 စံညွှန်းနှင့်ပြည့်မီနေကြောင်း သက်သေပြရန်လိုအပ်သူဖြစ်ပါက အကဲဖြတ်မှုရလဒ် အကြောင်းကြားစာတွင် A1 သို့မဟုတ် A2.1 ဆိုင်ရာအကဲဖြတ်မှုကို ဖော်ပြသည့် ၂၀၂၆ ခုနှစ် ဩဂုတ်လနောက်ပိုင်း စာမေးပွဲကို ဖြေဆိုပါ။
မေး။ A1 နှင့် A2.1 အဆင့် ပြည့်မီရန်အတွက် မည်ကဲ့သို့ လေ့လာရပါမလဲ။
ဖြေ။ သင်ရိုးစာအုပ် "IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကားOpen in new window"နှင့်"IRODORI ဂျပန်ဘာသာအွန်လိုင်းသင်ရိုးOpen in new window" များသည် ဂျပန်၌နေထိုင်မှုဘဝအတွင်း ပြောဆိုဆက်ဆံရေးတွင် လိုအပ်သည့် ဂျပန်ဘာသာစကားကျွမ်းကျင်မှုကို ရရှိနိုင်စေရေးအတွက် သင်ထောက်ကူပစ္စည်းဖြစ်ပြီး လေ့လာသင်ယူမှုပန်းတိုင်အဖြစ် Can-do ကိုအသုံးပြုပါသည်။
JFT-Basic စာမေးပွဲတွင်လည်း Can-do ကို အခြေခံသည့် နေထိုင်မှုဘဝအတွင်းမှ မေးခွန်းများ ပါဝင်ပါသည်။
ထို့ကြောင့် "IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား" နှင့် "IRODORI ဂျပန်ဘာသာအွန်လိုင်းသင်ရိုး" တွင် လေ့လာကာ Can-do များကို လုပ်ဆောင်နိုင်ခြင်းသည် JFT-Basic အတွက် ကြိုတင်ပြင်ဆင်မှုကို အထောက်အကူဖြစ်စေနိုင်ပါသည်။
ထို့အပြင် "IRODORI ဂျပန်ဘာသာအွန်လိုင်းသင်ရိုး" ၏ "လေ့လာသင်ယူမှု" မာတိကာများမှ "အနှစ်ချုပ်" တွင် JFT-Basic စာမေးပွဲ၏ ကဏ္ဍ၊ ခေါင်းစဉ်များနှင့် အလားတူ "ဝေါဟာရများ"၊"ခန်းဂျိ"၊"သဒ္ဒါ"၊"ဖော်ပြချက်"၊"နားထောင်ခြင်း"၊"ဖတ်ရှုခြင်း" များဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများ ပါဝင်ပါသည်။
"လေ့ကျင့်ရေး" အကြောင်းအရာများတွင် "ဝေါဟာရများ"၊"ခန်းဂျိ"၊"သဒ္ဒါ"၊"ဖော်ပြချက်" များကို လေ့ကျင့်နိုင်ပါသည်။
ဖော်ပြခဲ့သည့်အတိုင်း "IRODORI ဂျပန်ဘာသာအွန်လိုင်းသင်ရိုး" သည် ပို၍ လက်တွေ့ကျစွာ လေ့ကျင့်နိုင်သည့်အတွက် JFT-Basic စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရာတွင် အသုံးချစေလိုပါသည်။
အသေးစိတ်နှင့်ပတ်သက်၍ JFT-Basic စာမေးပွဲဖြေဆိုရေး ပြင်ဆင်မှုအတွက် အသုံးကျသည့် သင်ထောက်ကူပစ္စည်းများကို ပြသထားသည့် "သင်ယူလေ့လာရန်" ကို ကြည့်ရှုပါ။
JFT-Basic စာမေးပွဲ၏ အနေအထားကို ခန့်မှန်းနိုင်ရန် လက်တွေ့ စာမေးပွဲပုံစံနှင့် နီးစပ်သည့် နမူနာမေးခွန်းပုံစံOpen in new window ကိုလည်း ပြသထားပါသည်။

၂၀၂၆-၂၀၂၇ ခုနှစ်အတွက် JFT-Basic စာမေးပွဲအချိန်ဇယား(PDF:226KB)Open in new window

Back to top